
0
39




ဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီးနဲ့ တွေ့ဆုံ

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ တရုတ်ကွန်မြူနီပါတီ ဗဟိုကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံပွဲမှာ လာမယ့်နှစ်မှာ ကျရောက်မယ့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့်မှာ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စ၊ ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ဘေဂျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ဝမ်ယီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။