ဝန္ႀကီး ဦးအုန္းဝင္းနဲ႔ WWF ရဲ႕ Country Director တို႔ ေတြ႔ဆံုေဆြးေႏြး

0
432

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးအုန္းဝင္းက World Wide Fund for Nature ရဲ႕ Country Director ေဒါက္တာ ေအ ခရစၥတီ ဝီလ်ံစ္ကို မေန႔က ဇြန္လ ၂၅ ရက္ေန႔က လက္ခံေတြ႔ဆံုပါတယ္။

WWF က လုပ္ေဆာင္ေနတဲ့ ေတာ႐ိုင္းတိရစာၱန္ စာရင္းေကာက္ယူတာ၊ ေတာဆင္ေတြကို ေရဒီယိုေကာ္လာ တပ္ဆင္တာ၊ အမဲလိုက္မႈ တိုက္ဖ်က္ေရးဆိုင္ရာ ပညာေပးလုပ္ငန္းနဲ႔ ပစၥည္းကိရိယာ ေထာက္ပံ့ေပးမႈ၊ Myanmar Wildlife College တည္ေထာင္ေရး စတာေတြ ေဆြးေႏြးခဲ့ၾကပါတယ္။

လန္ဒန္ၿမိဳ႕မွာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာမွာ က်င္းပမယ့္ Illegal Wildlife Trade Conference မွွာ ျမန္မာႏိုင္ငံက ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးလုပ္ငန္းေတြ တင္ျပေရး စီစဥ္ေနမႈကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးအုန်းဝင်းနဲ့ WWF ရဲ့ Country Director တို့ တွေ့ဆုံဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက World Wide Fund for Nature ရဲ့ Country Director ဒေါက်တာ အေ ခရစ္စတီ ဝီလျံစ်ကို မနေ့က ဇွန်လ ၂၅ ရက်နေ့က လက်ခံတွေ့ဆုံပါတယ်။

WWF က လုပ်ဆောင်နေတဲ့ တောရိုင်းတိရစ္တာန် စာရင်းကောက်ယူတာ၊ တောဆင်တွေကို ရေဒီယိုကော်လာ တပ်ဆင်တာ၊ အမဲလိုက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းနဲ့ ပစ္စည်းကိရိယာ ထောက်ပံ့ပေးမှု၊ Myanmar Wildlife College တည်ထောင်ရေး စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

လန်ဒန်မြို့မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ကျင်းပမယ့် Illegal Wildlife Trade Conference မှာ မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းတွေ တင်ပြရေး စီစဉ်နေမှုကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။