ဝန္မႏုိင္တဲ့ ဓာတ္ႀကိဳးေတြ လဲလွယ္ဖုိ႔ ရန္ကုန္တုိင္း တစ္တုိင္းလုံး အခ်ိန္ပုိင္း မီးျပတ္မယ္

0
3

ဝန္မႏုိင္တဲ့ ဓာတ္ႀကိဳးေတြ လဲလွယ္ဖုိ႔နဲ႔ မီးျပတ္ေတာက္မႈ ေလ်ာ့နည္းေစဖုိ႔ ဒီကေန႔ စက္တင္ဘာလ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ရန္ကုန္တုိင္း တစ္တုိင္းလုံးနီးပါး အခ်ိန္ပုိင္း လွ်ပ္စီးမီး ျပတ္ေတာက္မွာ ျဖစ္ေၾကာင္း ရန္ကုန္ လွ်ပ္စစ္ဓာတ္အား ေကာ္ပုိေရးရွင္းက သတင္းထုတ္ျပန္ထားပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး အတြင္းရွိ ခ႐ိုင္နဲ႔ၿမိဳ႕နယ္ေတြမွာ (၆၆) ေကဗြီ၊ (၃၃)ေကဗီြ ဓာတ္အားခြဲ႐ံုေတြ  Distribution Transformer ေတြ ထိန္းသိမ္းျပဳျပင္ျခင္း လုပ္ငန္းေတြ၊ ေရရွည္ဓာတ္အား တည္ၿငိမ္္ျပည့္၀စြာ ေပးနိုင္ဖုိ႔အတြက္ ေဟာင္းႏြမ္းၿပီး ဝန္အားမႏိုင္ေတာ့တဲ့ (၁၁) ေကဗီြ ဓာတ္အားလိုင္းႀကိဳးေတြကုိ  လွ်ပ္ကာပါတဲ့ ဓာတ္အားလိုင္းႀကိဳး အသစ္ေတြနဲ႔ လဲလွယ္ျခင္း လုပ္ငန္းေတြနဲ႔ ဓာတ္အားျပတ္ေတာက္မႈ ေလွ်ာ့နည္း က်ဆင္းေစေရးအတြက္ သစ္ပင္သစ္ကိုင္းေတြ ခုတ္ထြင္ရွင္းလင္းသြားမွာ ျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ေျမာက္ဥကၠလာ၊ ေျမာက္ဒဂံု၊ ေတာင္ဒဂံု၊ ေဒါပံု၊ ဗိုလ္တစ္ေထာင္၊ မဂၤလာေတာင္ညႊန္႔၊ သဃၤန္းကြ်န္း၊ ေတာင္ဥကၠလာ၊ တာေမြ၊ ရန္ကင္း၊ ပုဇြန္ေတာင္၊ လမ္းမေတာ္၊ အလံု၊ မရမ္းကုန္း၊ ကမာရြတ္၊ လႈိင္သာယာ၊ ေရႊလင္ဗန္း၊ မဂၤလာဒုံ၊ ေထာက္ၾကန္႔၊ လွည္းကူး၊ အင္းတိုင္၊ ဒါးပိန္၊ ေဖာင္ႀကီ၊ ေမွာ္ဘီ၊ ေျမာင္းတကာ၊ တိုက္ႀကီး၊ ဥကၠံ၊ အေဖ်ာက္ ၿမိဳ႕နယ္ေတြရွိ ရပ္ကြက္တခ်ိဳ ႔မွာ အခ်ိန္ပုိင္း  ဓာတ္အားျပတ္ေတာက္မႈ အနည္းငယ္ ရွိႏိုင္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ဝန်မနိုင်တဲ့ ဓာတ်ကြိုးတွေ လဲလှယ်ဖို့ ရန်ကုန်တိုင်း တစ်တိုင်းလုံး အချိန်ပိုင်း မီးပြတ်မယ်


ဝန်မနိုင်တဲ့ ဓာတ်ကြိုးတွေ လဲလှယ်ဖို့နဲ့ မီးပြတ်တောက်မှု လျော့နည်းစေဖို့ ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရန်ကုန်တိုင်း တစ်တိုင်းလုံးနီးပါး အချိန်ပိုင်း လျှပ်စီးမီး ပြတ်တောက်မှာ ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နဲ့မြို့နယ်တွေမှာ (၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေ Distribution Transformer တွေ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုး အသစ်တွေနဲ့ လဲလှယ်ခြင်း လုပ်ငန်းတွေနဲ့ ဓာတ်အားပြတ်တောက်မှု လျှော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တာမွေ၊ ရန်ကင်း၊ ပုဇွန်တောင်၊ လမ်းမတော်၊ အလုံ၊ မရမ်းကုန်း၊ ကမာရွတ်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းတိုင်၊ ဒါးပိန်၊ ဖောင်ကြီ၊ မှော်ဘီ၊ မြောင်းတကာ၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့နယ်တွေရှိ ရပ်ကွက်တချို ့မှာ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။