ဝက္သက္ ကာကြယ္ေဆး ထိုးႏွံျခင္းကို အထူးအေလးေပး ေဆာင္ရြက္မယ္

0
74

ဝက္သက္ေရာဂါ ကာကြယ္ေဆး ထိုးႏွံျခင္းလုပ္ငန္းကို အထူးအေလးေပးၿပီး ၉၅ ရာခိုင္ႏႈန္းေက်ာ္ လႊမ္းၿခဳံမႈရရွိေစဖို႔ ေဆာင္ရြက္သြားမယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေျပာပါတယ္။

ၾသဂုတ္လ ၂၀ ရက္ေန႔က ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးမွာ မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၇) ကိုယ္စားလွယ္ ဦးေက်ာ္တုတ္ရဲ႕ ကမာၻတစ္ဝန္း တိုးပြားလာတဲ့ ဝက္သက္ေရာဂါကို ျမန္မာႏိုင္ငံအေနနဲ႔ ကပ္ေရာဂါအသြင္ ျဖစ္ပြားမလာေအာင္ ေဆာင္ရြက္ထားမႈ အေျခအေနကို သိလိုေၾကာင္း ေမးျမန္းမႈကို ဝန္ႀကီးက အခုလို  ျပန္လည္ေျဖၾကားခဲ့တာပါ။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန တစ္ခုတည္း အင္အားနဲ႔ ေဆာင္ရြက္ႏိုင္မွာ မဟုတ္တာေၾကာင့္ အစိုးရအဖြဲ႔နဲ႔ ႏွီးႏြယ္တဲ့ ဝန္ႀကီးဌာန အသီးသီးက ေစတနာ့ဝန္ထမ္းေတြ ပါဝင္မႈနဲ႔ ကေလးတစ္ဦး မက်န္ ကာကြယ္ေဆးထိုးႏိုင္ဖို႔ ပူးေပါင္းေဆာင္ရြက္ၿပီး ႏိုင္ငံအတြင္းရွိ ကေလးေတြအားလုံး ဝက္သက္ေရာဂါကေန ကင္းေဝးေစေရး ပူးေပါင္းေဆာင္ရြက္ၾကဖို႔  တိုက္တြန္းေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာၾကားခဲ့ပါတယ္။

ဝက်သက် ကာကွယ်ဆေး ထိုးနှံခြင်းကို အထူးအလေးပေး ဆောင်ရွက်မယ်


ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အထူးအလေးပေးပြီး ၉၅ ရာခိုင်နှုန်းကျော် လွှမ်းခြုံမှုရရှိစေဖို့ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။


သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) ကိုယ်စားလှယ် ဦးကျော်တုတ်ရဲ့ ကမ္ဘာတစ်ဝန်း တိုးပွားလာတဲ့ ဝက်သက်ရောဂါကို မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားမလာအောင် ဆောင်ရွက်ထားမှု အခြေအနေကို သိလိုကြောင်း မေးမြန်းမှုကို ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်း အင်အားနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်တာကြောင့် အစိုးရအဖွဲ့နဲ့ နှီးနွယ်တဲ့ ဝန်ကြီးဌာန အသီးသီးက စေတနာ့ဝန်ထမ်းတွေ ပါဝင်မှုနဲ့ ကလေးတစ်ဦး မကျန် ကာကွယ်ဆေးထိုးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံအတွင်းရှိ ကလေးတွေအားလုံး ဝက်သက်ရောဂါကနေ ကင်းဝေးစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောကြားခဲ့ပါတယ်။