လႊတ္ေတာ္အနီး ဒ႐ုန္းလႊတ္တင္တဲ့ ျပင္သစ္ႏိုင္ငံသား ေထာင္ဒဏ္ သံုးႏွစ္ က်ႏိုင္

0
342

ေနျပည္ေတာ္ လႊတ္ေတာ္အနီး ေမာင္းသူမဲ့ဒ႐ုန္း လႊတ္တင္ခဲ့လို႔ အဖမ္းခံထားရတဲ့ ျပင္သစ္ႏိုင္ငံသား ခရီးသြားဟာ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္ သံုးႏွစ္အထိ ခ်မွတ္ခံရႏိုင္ပါတယ္။

မိုက္ကယ္ ဒက္စ္ကဲလက္စ္ (၂၇ ႏွစ္) ဟာ ျမန္မာႏိုင္ငံထဲကို ဒ႐ုန္း တရားဝင္ ယူေဆာင္လာမႈ၊ ကန္႔သတ္ဧရိယာမွာ ဒ႐ုန္းလႊတ္တင္မႈ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ သူ႔ကို ေဖေဖာ္ဝါရီလ ၇ ရက္ေန႔က လႊတ္ေတာ္ဝင္းအတြင္း ႀကိဳးတံတားအနီးမွာ ဒ႐ုန္းလႊတ္တင္လို႔ ဥတၱရသီရိ ၿမိဳ႕နယ္ရဲစခန္းက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းကလည္း တူရကီ အစိုးရ႐ုပ္သံ TRT က ႏိုင္ငံျခားသီတင္းေထာက္ ႏွစ္ဦးနဲ႔ သူတို႔ရဲ႕ စကားျပန္တို႔ လႊတ္ေတာ္အနီး ဒ႐ုန္းလႊတ္တင္ခဲ့လို႔ ေထာင္ဒဏ္ ႏွစ္လ ခ်မွတ္ခံခဲ့ရဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လွှတ်တော်အနီး ဒရုန်းလွှတ်တင်တဲ့ ပြင်သစ်နိုင်ငံသား ထောင်ဒဏ် သုံးနှစ် ကျနိုင်

နေပြည်တော် လွှတ်တော်အနီး မောင်းသူမဲ့ဒရုန်း လွှတ်တင်ခဲ့လို့ အဖမ်းခံထားရတဲ့ ပြင်သစ်နိုင်ငံသား ခရီးသွားဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

မိုက်ကယ် ဒက်စ်ကဲလက်စ် (၂၇ နှစ်) ဟာ မြန်မာနိုင်ငံထဲကို ဒရုန်း တရားဝင် ယူဆောင်လာမှု၊ ကန့်သတ်ဧရိယာမှာ ဒရုန်းလွှတ်တင်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က လွှတ်တော်ဝင်းအတွင်း ကြိုးတံတားအနီးမှာ ဒရုန်းလွှတ်တင်လို့ ဥတ္တရသီရိ မြို့နယ်ရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း တူရကီ အစိုးရရုပ်သံ TRT က နိုင်ငံခြားသီတင်းထောက် နှစ်ဦးနဲ့ သူတို့ရဲ့ စကားပြန်တို့ လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့လို့ ထောင်ဒဏ် နှစ်လ ချမှတ်ခံခဲ့ရဖူးပါတယ်။