
0
478




လွှတ်တော်သတင်းကို တီဗီကတစ်ဆင့်ခံ ကူးယူတာဟာ ဘယ်နိုင်ငံမှာမှ မရှိကြောင်း ဟံသာဝတီ ဦးအုန်းကြိုင် ပြော


လွှတ်တော်သတင်းကို တီဗီက တစ်ဆင့်ခံ ကူးယူဖော်ပြရတာဟာ ဘယ်နိုင်ငံမှာမှ မရှိသလို အင်မတန် ရှက်ဖို့ကောင်းတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောပါတယ်။


ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်မှာ ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ကေအိုင်စီ ကရင်သတင်းဌာန ၂၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ အခုလို ပြောခဲ့တာပါ။


လက်ရှိ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် အပါအဝင် လွှတ်တော် သတင်းတွေကို သတင်းထောက်တွေက ရယူရမှာ လွှတ်တော်တွင်းကနေ တိုက်ရိုက် သတင်းယူခွင့်မရဘဲ လွှတ်တော်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ တီဗီရုပ်မြင်သံကြားကနေ ပဲတဆင့် သတင်းရယူနေကြရတာ ဖြစ်ပါတယ်။