လွ်ပ္စစ္ အခက္အခဲေၾကာင့္ ထင္းအစားထိုး ေလာင္စာေတာင့္ ထုတ္လုပ္မႈ ေလ်ာ့က်

0
69

လွ်ပ္စစ္ အခက္အခဲေၾကာင့္ ထင္းအစားထိုးေလာင္စာေတာင့္ ထုတ္လုပ္မႈေလ်ာ့က်တာ ျဖစ္တယ္လို႔ ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္စက္ရုံက ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

စပါးခြံကေန ထင္းအစားထိုးေလာင္စာေတာင့္အျဖစ္ ထုတ္လုပ္ေနတဲ႔ မုံရြာစက္မႈဇုန္က ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္စက္ရုံမွာ ကုန္ၾကမ္းျဖစ္တဲ႔ စပါးခြံ ၆ က်င္းဝင္ ကား ၄ စီးႏႈန္းအသုံးျပဳကာ လည္ပတ္ေနတာ ျဖစ္ၿပီး ထြက္ရွိမႈက တစ္ရက္ကို ေလာင္စာေတာင့္ ၅ တန္ေက်ာ္ ထြက္ရွိေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ လွ်ပ္စစ္အား အလုံအေလာက္ မရရွိတာေၾကာင့္ တစ္ရက္ကို ေလာင္စာေတာင့္ ၄ တန္သာ ထုတ္လုပ္ႏိုင္တယ္လို႔ ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္ စက္ရုံ တာဝန္ရွိသူက ေျပာပါတယ္။

Soundbite  ဦးေအး (ထုတ္လုပ္မႈတာ၀န္ခံ) ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္စက္ရုံ

စက္ရုံက ထြက္ရွိလာတဲ႔ ေလာင္စာေတာင့္ေတြကို မုံရြာစက္မႈဇုန္မွာရွိတဲ႔ ပဲ အေျခာက္ခံစက္၊ ပဲေလွာ္ဖိုေတြနဲ႔ အုတ္လုပ္ငန္းေတြက အဓိက အသုံးျပဳေနတာျဖစ္ၿပီး၊ ေနအိမ္ေတြမွာလည္း ထင္းအစားထိုး ေလာင္စာေတာင့္အေနနဲ႔ အသုံးျပဳေနတာ ျဖစ္တယ္လို႔ ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္စက္ရုံပိုင္ရွင္က ေျပာပါတယ္။

Soundbite  ဦးေဌးေမာင္ (ပိုင္ရွင္) ဗန္႔က်ီ စြမ္းအားျမင့္ ေလာင္စာေတာင့္စက္ရုံ

အခုလက္ရွိအသုံးျပဳေနတဲ႔ ေလာင္စာေတာင့္ထုတ္လုပ္တဲ႔စက္ကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအတြက္ ထင္းအစားထိုးေလာင္စာေတာင့္ေတြ ထုတ္လုပ္ႏိုင္ဖို႔ ရည္ရြယ္ၿပီး ဒိန္းမတ္ႏိုင္ငံက စက္တန္ဖိုးရဲ႕ ၆၅ ရာခိုင္ႏႈန္းကို လုပ္ငန္းရွင္ေတြကို ကူညီေပးထားတာ ျဖစ္ပါတယ္ ခင္ဗ်ာ။

လျှပ်စစ်အခက်အခဲကြောင့် ထင်းအစားထိုး လောင်စာတောင့် ထုတ်လုပ်မှု လျော့ကျ


လျှပ်စစ်အခက်အခဲကြောင့် ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်မှုလျော့ကျတာ ဖြစ်တယ်လို့ ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့်စက်ရုံက ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။


စပါးခွံကနေ ထင်းအစားထိုးလောင်စာတောင့်အဖြစ် ထုတ်လုပ်နေတဲ့ မုံရွာစက်မှုဇုန်က ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့်စက်ရုံမှာ ကုန်ကြမ်းဖြစ်တဲ့ စပါးခွံ ၆ ကျင်းဝင် ကား ၄ စီးနှုန်းအသုံးပြုကာ လည်ပတ်နေတာ ဖြစ်ပြီး ထွက်ရှိမှုက တစ်ရက်ကို လောင်စာတောင့် ၅ တန်ကျော် ထွက်ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် လျှပ်စစ်အား အလုံအလောက် မရရှိတာကြောင့် တစ်ရက်ကို လောင်စာတောင့် ၄ တန်သာ ထုတ်လုပ်နိုင်တယ်လို့ ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့် စက်ရုံ တာဝန်ရှိသူက ပြောပါတယ်။


Soundbite ဦးအေး (ထုတ်လုပ်မှုတာဝန်ခံ) ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့်စက်ရုံ


စက်ရုံက ထွက်ရှိလာတဲ့ လောင်စာတောင့်တွေကို မုံရွာစက်မှုဇုန်မှာရှိတဲ့ ပဲ အခြောက်ခံစက်၊ ပဲလှော်ဖိုတွေနဲ့ အုတ်လုပ်ငန်းတွေက အဓိက အသုံးပြုနေတာဖြစ်ပြီး၊ နေအိမ်တွေမှာလည်း ထင်းအစားထိုး လောင်စာတောင့်အနေနဲ့ အသုံးပြုနေတာ ဖြစ်တယ်လို့ ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့်စက်ရုံပိုင်ရှင်က ပြောပါတယ်။


Soundbite ဦးဌေးမောင် (ပိုင်ရှင်) ဗန့်ကျီ စွမ်းအားမြင့် လောင်စာတောင့်စက်ရုံ


အခုလက်ရှိအသုံးပြုနေတဲ့ လောင်စာတောင့်ထုတ်လုပ်တဲ့စက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထင်းအစားထိုးလောင်စာတောင့်တွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဒိန်းမတ်နိုင်ငံက စက်တန်ဖိုးရဲ့ ၆၅ ရာခိုင်နှုန်းကို လုပ်ငန်းရှင်တွေကို ကူညီပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ။