
0
43




လျှပ်စစ်ဓာတ်အားခ ပြောင်းလဲကောက်ခံလို့ ကျပ်သန်း ၃၆၀ဝ၀ ကျော် ပိုမို ကောက်ခံရရှိ


လျှပ်စစ်ဓာတ်အားခ ပြောင်းလဲ ကောက်ခံခဲ့ခြင်းကြောင့် ကျပ်သန်း ၃၆၀ဝ၀ ကျော် ပိုမိုကောက်ခံ ရရှိခဲ့ပြီး အိမ်သုံးမဟုတ်တဲ့ လျှပ်စစ်သုံးစွဲသူတွေထံက အများဆုံးဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြောပါတယ်။


စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ အလုံကြည့်မြင်တိုင်လမ်းရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး မြေနီထပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ လက်ရှိမှာ အခြေခံ လူတန်းစားတွေအနေနဲ့ လစဉ် တစ်ယူနစ်ကနေ ၇၅ ယူနစ်အထိ အသုံးပြုသူ ၂၆ ရာခိုင်နှုန်းရှိပြီး အများဆုံးကျပ် ၁၁၇၅ ကျပ်သာ ပိုမိုကျခံရတာ ဖြစ်ပါတယ်။


ဒါ့အပြင် လူလတ်တန်းစားတွေ အနေနဲ့ လစဉ် ၇၅ ယူနစ်က ၂၀ဝ ယူနစ်အထိ အသုံးပြုသူ ၃၈ ရာခိုင်နှုန်း ခန့်ရှိပြီး အနည်းဆုံး ၂၂၅၀ က အများဆုံး ၁၀ဝ၅၀ ကျပ်သာ ပိုမိုပေးဆောင်ရတာ ဖြစ်ကြောင်း ပြောပါတယ်။ အခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မီးသုံးစွဲသူ ၁ ဒသမ ၃၈ သန်းဟာ မီးသုံးစွဲမှု လျော့နည်းခဲ့တာ ဖြစ်တယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပြောပါတယ်။