လွ်ပ္စစ္ကၽြမ္းက်င္သင္တန္း ၿပီးဆံုးတဲ့သူေတြကို အလုပ္ရရွိဖို႔ CVT က လုပ္ေဆာင္ေပးမယ္

0
365

လွ်ပ္စစ္ကၽြမ္းက်င္သင္တန္း ၿပီးဆုံးတဲ႔သူေတြကို အလုပ္အကိုင္ရ႐ွိဖို႔ အသက္ေမြးမႈ အတတ္ပညာ သင္တန္းေက်ာင္း CVT က လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

မေလး႐ွားႏိုင္ငံ May Bank နဲ႔ အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္း CVT တို႔ ပူးေပါင္းၿပီး ၂၀၁၇ ခုႏွစ္ ဇူလိုင္လက စတင္ကာ ေက်ာင္းျပင္ပေရာက္ လူငယ္ေတြကို လွ်ပ္စစ္ကၽြမ္းက်င္သင္တန္း ဖြင့္လွစ္သင္ၾကား ေပးေနတာ ျဖစ္ပါတယ္။
အဲဒီ သင္တန္းကၿပီးဆုံးတဲ႔သူေတြကို အလုပ္အကိုင္ရ႐ွိဖို႔ လုပ္ေဆာင္ေပးသြားမယ္လို႔ အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္း CVT က ေျပာပါတယ္။

မတ္လ ၂၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Chatrium ဟိုတယ္မွာ မေလး႐ွားႏိုင္ငံ May Bank နဲ႔ အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္း CVT တို႔ ပူးေပါင္းဖြင့္လွစ္တဲ႔ ဒုတိယအႀကိမ္ လွ်ပ္စစ္ကၽြမ္းက်င္သင္တန္း ဆင္းပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite ေဒၚေသြးေသြးေမာင္ (Head of Partnership and Communication)
အသက္ေမြးမႈ အတတ္ပညာသင္တန္းေက်ာင္း CVT

မေလး႐ွားႏိုင္ငံ May Bank အေနနဲ႔ ေက်ာင္းျပင္ပေရာက္ လူငယ္ေတြကို ေကာင္းမြန္တဲ႔ ဝင္ေငြတစ္ခု ႐ွာေဖြ ရပ္တည္ႏိုင္ေအာင္ ကူညီပံ႔ပိုးေပးတာ ျဖစ္တဲ႔အျပင္ လုပ္ငန္း စြမ္းရည္ေတြကိုပါ ျမွင့္တင္ေပးတာ ျဖစ္တယ္လို႔ May Bank က ေျပာပါတယ္။

Soundbite Mr.Ahmad Faezal Bin Mohamed (Head of CR & Secretarit)
May Bank Foundation

၂၀၁၇ ခုႏွစ္ ဇူလိုင္လကေန ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလအထိ ပထမအႀကိမ္ လွ်ပ္စစ္ကၽြမ္းက်င္သင္တန္းမွာ သင္တန္းသား ၂၅ ဦးကို သင္ၾကားေပးခဲ႔ၿပီး၊ ဇြန္လကေန ႏိုဝင္ဘာလအထိ ဒုတိယအႀကိမ္ လွ်ပ္စစ္ကၽြမ္းက်င္သင္တန္းမွာေတာ့ သင္တန္းသား ၂၁ ဦးကို သင္ၾကားေပးခဲ႔တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လျှပ်စစ်ကျွမ်းကျင်သင်တန်း ပြီးဆုံးတဲ့သူတွေကို အလုပ်ရရှိဖို့ CVT က လုပ်ဆောင်ပေးမယ်

လျှပ်စစ်ကျွမ်းကျင်သင်တန်း ပြီးဆုံးတဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ အသက်မွေးမှု အတတ်ပညာ သင်တန်းကျောင်း CVT က လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ May Bank နဲ့ အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT တို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ကာ ကျောင်းပြင်ပရောက် လူငယ်တွေကို လျှပ်စစ်ကျွမ်းကျင်သင်တန်း ဖွင့်လှစ်သင်ကြား ပေးနေတာ ဖြစ်ပါတယ်။
အဲဒီ သင်တန်းကပြီးဆုံးတဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ လုပ်ဆောင်ပေးသွားမယ်လို့ အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT က ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ မလေးရှားနိုင်ငံ May Bank နဲ့ အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT တို့ ပူးပေါင်းဖွင့်လှစ်တဲ့ ဒုတိယအကြိမ် လျှပ်စစ်ကျွမ်းကျင်သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်သွေးသွေးမောင် (Head of Partnership and Communication)
အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT

မလေးရှားနိုင်ငံ May Bank အနေနဲ့ ကျောင်းပြင်ပရောက် လူငယ်တွေကို ကောင်းမွန်တဲ့ ဝင်ငွေတစ်ခု ရှာဖွေ ရပ်တည်နိုင်အောင် ကူညီပံ့ပိုးပေးတာ ဖြစ်တဲ့အပြင် လုပ်ငန်း စွမ်းရည်တွေကိုပါ မြှင့်တင်ပေးတာ ဖြစ်တယ်လို့ May Bank က ပြောပါတယ်။

Soundbite Mr.Ahmad Faezal Bin Mohamed (Head of CR & Secretarit)
May Bank Foundation

၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ပထမအကြိမ် လျှပ်စစ်ကျွမ်းကျင်သင်တန်းမှာ သင်တန်းသား ၂၅ ဦးကို သင်ကြားပေးခဲ့ပြီး၊ ဇွန်လကနေ နိုဝင်ဘာလအထိ ဒုတိယအကြိမ် လျှပ်စစ်ကျွမ်းကျင်သင်တန်းမှာတော့ သင်တန်းသား ၂၁ ဦးကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။