လံုၿခံဳၿပီး ဆႏၵအေလ်ာက္ ေနရပ္ျပန္မႈျဖစ္ဖို႔ NGO အဖြဲ႔ ၆၀ ေက်ာ္ တိုက္တြန္း

0
38

ေနရပ္ျပန္မယ့္ ဒုကၡသည္ေတြ လံုၿခံဳမႈ၊ မိမိဆႏၵအေလ်ာက္ ျဖစ္မႈနဲ႔ ဂုဏ္သိကၡာရွိမႈတို႔ကို ေသခ်ာေအာင္ ေဆာင္ရြက္ဖို႔ ဘဂၤလားေဒ့ရွ္ရွိ NGO ေတြနဲ႔ ႏိုင္ငံတကာ NGO ၆၁ ခုက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရကို တိုက္တြန္းလိုက္ပါတယ္။

ၾသဂုတ္လ ၂၀ ရက္ေန႔က NGO ေတြရဲ႕ ပူးတြဲ ထုတ္ျပန္ခ်က္မွာ ရခိုင္ျပည္နယ္အတြင္း ဘဂၤါလီေတြရဲ႕ အခြင့္အေရးကို အသိအမွတ္ျပဳဖို႔၊ သူတို႔ဘဝကို သူတို႔ဆံုးျဖတ္ႏိုင္တဲ့အခန္းက႑က ပါဝင္ခြင့္ရဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ျမန္မာအစိုးရက စိစစ္ၿပီးျဖစ္တဲ့ ဘဂၤါလီ ၃ ေထာင္ေက်ာ္ ေနရပ္ျပန္ခြင့္ရထားၿပီး ေနရပ္ျပန္ဖို႔ စတင္မယ့္ရက္ကို ၾသဂုတ္လ ၂၂ ရက္ေန႔အျဖစ္ သတ္မွတ္ထားပါတယ္။ ရခိုင္ျပည္နယ္မွာ ပဋိပကၡေတြ ျမင့္တက္ေနၿပီး လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးေတြ အကန္႔အသတ္ ျဖစ္ေနတဲ့အတြက္ စိုးရိမ္ပူပန္ေၾကာင္းလည္း NGO ၆၁ ဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လုံခြုံပြီး ဆန္ဒအလျောက် နေရပ်ပြန်မှုဖြစ်ဖို့ NGO အဖွဲ့ ၆၀ ကျော် တိုက်တွန်း


နေရပ်ပြန်မယ့် ဒုက္ခသည်တွေ လုံခြုံမှု၊ မိမိဆန္ဒအလျောက် ဖြစ်မှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့ကို သေချာအောင် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်ရှိ NGO တွေနဲ့ နိုင်ငံတကာ NGO ၆၁ ခုက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။


သြဂုတ်လ ၂၀ ရက်နေ့က NGO တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့၊ သူတို့ဘဝကို သူတို့ဆုံးဖြတ်နိုင်တဲ့အခန်းကဏ္ဍက ပါဝင်ခွင့်ရဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


မြန်မာအစိုးရက စိစစ်ပြီးဖြစ်တဲ့ ဘင်္ဂါလီ ၃ ထောင်ကျော် နေရပ်ပြန်ခွင့်ရထားပြီး နေရပ်ပြန်ဖို့ စတင်မယ့်ရက်ကို သြဂုတ်လ ၂၂ ရက်နေ့အဖြစ် သတ်မှတ်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ မြင့်တက်နေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွေ အကန့်အသတ် ဖြစ်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်းလည်း NGO ၆၁ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။