
0
40




လပေါ်ကို ဆင်းသက်နိုင်တဲ့ နှစ် ၅၀ ပြည့် အခမ်းအနား အမေရိကန် နိုင်ငံမှာ ကျင်းပ

လပေါ်ကို အပိုလိုခရီးစဉ်နဲ့ လူသားတွေ ပထမဦးဆုံး ရောက်ရှိခဲ့တာဟာ ဇူလိုင်လ ၂ဝ ရက်နေ့မှာ နှစ် ၅၀ ပြည့်သွားပြီ ဖြစ်ပါတယ်။

အဲဒီ သမိုင်းဝင် အောင်ပွဲကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ အမေရိကန်နိုင်ငံ နေရာအနှံ့မှာ ကျင်းပခဲ့ကြပါတယ်။ နယူးယောက်မြို့က တိုင်းမ် ရင်ပြင်မှာ ရောက်ရှိနေခဲ့ကြသူတွေဟာ ကြီးမားတဲ့ တီဗီဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ အပိုလိုခရီးစဉ် မှတ်တမ်းဗီဒီယိုကို ကြည့်ရှုခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက ပထမဦးဆုံး ဆင်းသက်ခဲ့တဲ့ အချိန်နဲ့ကိုက်ပြီး ဆင်းသက်မှုကို ပြသချိန်မှာတော့ လူအများက ချီးကျူးခဲ့ပါတယ်။

ဗြိတိန်ခရီးသွားတစ်ယောက်က အဲဒီခရီးစဉ်ဟာ ကြီးမားတဲ့အောင်မြင်မှု တစ်ခုဖြစ်ပြီး အဲဒီအာကာသယာဉ် လွှတ်တင်တာနဲ့ လပေါ် ဆင်းသက်တဲ့ မှတ်တမ်းဗီဒီယိုကို အကြိမ်ပေါင်းများစွာ ကြည့်ဖူးထားပြီး ဖြစ်ပေမယ့် ပြန်ကြည့်ဖြစ်တဲ့အချိန်တိုင်း စိတ်လှုပ်ရှား ပျော်ရွှင်မိကြောင်း ပြောပါတယ်။