လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နာရီပိုင်းအတွင်း လုပ်ဆောင်နိုင်မယ့် ဝန်ဆောင်မှု မိတ်ဆက်

0
20





JustLogin



JustLogin


လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နာရီပိုင်းအတွင်း လုပ်ဆောင်နိုင့် ဝန်ဆောင်မှု မိတ်ဆက်


လုပ်ငန်းခွင်အတွင်း လုပ်အားတွေမလိုအပ်ဘဲ မကုန်ဆုံးနိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုတွေ ကိုလုပ်ဆောင်နိုင်မယ့် ဝန်ဆောင်မှုစနစ်ကို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


လုပ်ငန်းခွင်တွေအတွင်းက လစာငွေပေးချေတွေ၊ ခွင့်ရက်စီမံခန့်ခွဲတွေ၊ ရုံးတက်ရောက်မှုမှတ်တမ်းတွေ၊ ကုန်ကျစရိတ်တွေအပြင် တခြားစာရွက်စာတမ်းကိစ္စတွေကို အီလက်ထရောနစ်စနစ်နဲ့နာရီပိုင်းအတွင်းဆောင် ရွက်နိုင်မယ့်ဝန်ဆောင်မှုကို Justlogin ကမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။


စက်တင်ဘာလ ၄ ရက်နေ့ ရန်ကုန်မြို့ Melia Hotel မှာ ကမ္ဘာ့အဆင့်မှီ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများ အလိုအလျောက်လုပ်ဆောင်နိုင်မယ့်ဝန်ဆောင်မှုစနစ်မိတ်ဆက်ပွဲကိုပြုလုပ်ခဲ့တာပါ။
Soundbite – Mr Kwa Kim Chiong (CEO)
JustLogin


အဲ့ဒီ့စနစ်မှာ ဝန်ထမ်းရေးရာကိစ္စရပ်တွေကို အီလက်ထရောနစ်နည်းလမ်းနဲ့အချက်အလက်တင်သွင်းတာတွေ၊ လုပ်ငန်းဆောင်ရွက်တာတွေပြင် လုပ်ငန်းအစီရင်ခံစာတွေကို အချိန်နဲ့တပြေးညီထုတ်ယူနိုင်တယ်လို့ ပြောပါတယ်။
Soundbite – Mr Kwa Kim Chiong (CEO)
JustLogin


Justlogin ရဲ့စနစ်က Cloud စနစ်ကိုအသုံးပြုထားတာကြောင့် နောက်ဆုံးရသတင်းအချက်အလက်တွေကို အချိန်မရွေးကြည့်ရှုနိုင်ပြီး အလုပ်ရှင်နဲ့ အလုပ်သမား ထိတွေ့မှုပိုမိုရှိလာမှာဖြစ်တယ်လို့လည်းပြောပါတယ်ခင် ဗျာ။