လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ ၁၉၅ မႈရွိခဲ့ၿပီး အရပ္သား သုံးေသာင္းေက်ာ္ ထိခုိက္မႈွရွိခဲ့

0
113

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ကေန ၂၀၁၉ ခုႏွစ္ ေမလအထိ (၆)လတာအတြင္း လူ႕အခြင့္ အေရးခ်ဳိး ေဖာက္မႈစုစုေပါင္း (၁၉၅)မႈတို႔ရွိခဲ့ၿပီး အရပ္သားျပည္သူ (၃၃၀၀၀) ခန္႔အထိ ထိခိုက္မႈရွိခဲ့ေၾကာင္း ရခိုင္ျပည္လုံး ဆိုင္ရာေက်ာင္းသားႏွင့္ လူငယ္မ်ားအစည္းအ႐ုံး (AASYC) ကေကာက္ယူထားတဲ့ စာရင္းေတြမွာ ေဖာ္ျပ ထားပါတယ္။

လူ႔အခြင့္အေရး ခ်ဳိးေဖာက္ခံရမႈမ်ားကို ဆန္းစစ္ၾကည့္ရာမွာ ၂၀၁၉ ခုႏွစ္ မတ္လက ရခိုင္ျပည္  ေျမာက္ဦးၿမိဳ႕နယ္တို႔မွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈအျမင့္ဆုံး အေျခအေနကုိ ေရာက္ရွိခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္နဲ႔ AA တုိ႔ၾကား ျဖစ္ပြားခဲ့တဲ့  လက္နက္ကိုင္ပဋိပကၡ တိုက္ပြဲေတြၾကား လူ႔အခြင့္အေရး ခ်ဳိးေဖာက္ မႈေတြကို ရခိုင္ျပည္နယ္တြင္း ၿမိဳ႕နယ္ေတြျဖစ္ၾကတဲ့  ေမာင္ေတာၿမိဳ႕နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ရေသ့ေတာင္ ၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ပုဏၰားကၽြန္းၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ စစ္ေတြၿမိဳ႕နယ္၊ မင္းျပားၿမိဳ႕နယ္ ၊ ေျမပုံၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္၊ ပလက္ဝၿမိဳ႕နယ္အစရွိတဲ့  ၿမိဳ႕နယ္ (၁၁) ၿမိဳ႔ႏွင့္ ဗမာျပည္မက ျပည္ၿမိဳ႕နယ္၊ ပုသိမ္ၿမိဳ႕နယ္တို႔အျပင္ ရန္ကုန္တိုင္းေဒသႀကီးအစရွိတဲ့ ၿမိဳ႕နယ္ (၃) ၿမိဳ႕နယ္ အပါအဝင္ စုစုေပါင္း (၁၄) ၿမိဳ႕နယ္တို ့မွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈမ်ားျဖစ္ပြားခဲ့တာကုိ ေလ့လာေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

လူ့အခွင့်အရေးချိုးဖောက်မှု ၁၉၅ မှုရှိခဲ့ပြီး အရပ်သား သုံးသောင်းကျော် ထိခိုက်မှှုရှိခဲ့


၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ကနေ ၂၀၁၉ ခုနှစ် မေလအထိ (၆)လတာအတွင်း လူ့အခွင့် အရေးချိုး ဖောက်မှုစုစုပေါင်း (၁၉၅)မှုတို့ရှိခဲ့ပြီး အရပ်သားပြည်သူ (၃၃၀ဝ၀) ခန့်အထိ ထိခိုက်မှုရှိခဲ့ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ကကောက်ယူထားတဲ့ စာရင်းတွေမှာ ဖော်ပြ ထားပါတယ်။


လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဆန်းစစ်ကြည့်ရာမှာ ၂၀၁၉ ခုနှစ် မတ်လက ရခိုင်ပြည် မြောက်ဦးမြို့နယ်တို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုအမြင့်ဆုံး အခြေအနေကို ရောက်ရှိခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲတွေကြား လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို ရခိုင်ပြည်နယ်တွင်း မြို့နယ်တွေဖြစ်ကြတဲ့ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေမြို့နယ်၊ မင်းပြားမြို့နယ် ၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ ပလက်ဝမြို့နယ်အစရှိတဲ့ မြို့နယ် (၁၁) မြို့နှင့် ဗမာပြည်မက ပြည်မြို့နယ်၊ ပုသိမ်မြို့နယ်တို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစရှိတဲ့ မြို့နယ် (၃) မြို့နယ် အပါအဝင် စုစုပေါင်း (၁၄) မြို့နယ်တို ့မှာ လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားခဲ့တာကို လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။