လူ႔အခြင့္အေရးနဲ႔ စာနာမႈ ျပႆနာထက္ အေမရိကန္ အက်ိဳးစီးပြားကို ဦးစားေပးမယ္

0
38

လူ႔အခြင့္အေရး၊ စာနာမႈဆုိင္ရာ အကူအညီေပးေရး စတဲ့ ပဋိပကၡမ်ားစြာကုိ ကုိင္တြယ္ ေျဖရွင္းတဲ့ေနရာမွာ အေမရိကန္ရဲ႕ အက်ဳိးစီးပြားကုိသာ ဦးစားေပး လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ အမ်ဳိးသားလုံၿခံဳေရး အႀကံေပး မစၥတာ ဂြ်န္ ေဘာ္လ္တန္က ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံတြင္း ဘဂၤါလီ မြတ္စလင္ အေရးကိစၥနဲ႔ ပတ္သက္လုိ႔ ျမန္မာအစုိးရကုိ အေမရိကန္က တုိက္႐ိုက္ ဖိအားေပး ေျပာဆုိမႈေတြ ရွိေနသလုိ၊ အာဆီယံအဖြဲ႔ ကတဆင့္ ဖိအားေပး လုပ္ေဆာင္တာေတြလည္း ရွိေၾကာင္း မစၥတာ ဂြ်န္ ေဘာ္လ္တန္က VOA သတင္းဌာနဲ႔ သီးသန္႔ျပဳလုပ္တဲ့ ေတြ႔ဆုံေမးျမန္းခန္းမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ 

အေမရိကန္က ျမန္မာအစိုးရကို တိုက္႐ိုက္ ဖိအားေပးေျပာဆိုတာေတြရွိသလို ၿပီးခဲ့တဲ့့လက စင္ကာပူမွာ က်င္းပတဲ့ အာဆီယံထိပ္သီး စည္းေဝးပြဲအတြင္း အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံၿပီး အေမရိကန္အစုိးရရဲ႕ မူဝါဒေတြကို ရွင္းရွင္းလင္းလင္း ေျပာခဲ့ေၾကာင္းလည္း မစၥတာ ေဘာ္လ္တန္က ေျပာေၾကာင္း VOA သတင္းမွာ ေဖာ္ျပထားပါတယ္။ 

လူ့အခွင့်အရေးနဲ့ စာနာမှု ပြဿနာထက် အမေရိကန် အကျိုးစီးပွားကို ဦးစားပေးမယ်


လူ့အခွင့်အရေး၊ စာနာမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ ပဋိပက္ခများစွာကို ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေး လုပ်ဆောင်သွားမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဂျွန် ဘော်လ်တန်က ပြောလိုက်ပါတယ်။


မြန်မာနိုင်ငံတွင်း ဘင်္ဂါလီ မွတ်စလင် အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အမေရိကန်က တိုက်ရိုက် ဖိအားပေး ပြောဆိုမှုတွေ ရှိနေသလို၊ အာဆီယံအဖွဲ့ ကတဆင့် ဖိအားပေး လုပ်ဆောင်တာတွေလည်း ရှိကြောင်း မစ္စတာ ဂျွန် ဘော်လ်တန်က VOA သတင်းဌာနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


အမေရိကန်က မြန်မာအစိုးရကို တိုက်ရိုက် ဖိအားပေးပြောဆိုတာတွေရှိသလို ပြီးခဲ့တဲ့လက စင်ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး စည်းဝေးပွဲအတွင်း အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ကြောင်းလည်း မစ္စတာ ဘော်လ်တန်က ပြောကြောင်း VOA သတင်းမှာ ဖော်ပြထားပါတယ်။