လူသတ္မႈနဲ႔ အလိုရွိေနတဲ့ ကေနဒါ လူငယ္ ဝရမ္းေျပးႏွစ္ဦး အဆံုးစီရင္သြား

0
48

အမ်ိဳးသမီးတစ္ဦးနဲ႔ သူ႔ရဲ႕ ရည္းစားအျပင္ တျခား အမ်ိဳးသား တစ္ဦးကိုပါ သတ္ျဖတ္မႈနဲ႔ ဝရမ္းေျပး ျဖစ္ေနတဲ့ ကေနဒါ လူငယ္ႏွစ္ဦးဟာ သူတို႔ကိုယ္သူတို႔ အဆံုးစီရင္သြားၿပီလို႔ ကေနဒါရဲက ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္က မန္နီတိုဘာ ေျမာက္ပိုင္းရွိ ခ်ံဳေတြထဲမွာ ေတြ႔ရတဲ့ အေလာင္း ႏွစ္ေလာင္းဟာ ဝရမ္းေျပးအျဖစ္ အလိုရွိေနတဲ့ ကမ္ မက္ခ္လုဒ္ (၁၉ ႏွစ္) နဲ႔ ဘ႐ိုင္ယာ စကီဂ်ယ္စကီ (၁၈ ႏွစ္) ျဖစ္ၿပီး သူတို႔ဟာ အဆံုးစီရင္သြားတာလို႔ မန္နီတိုဘာ ေဆးဘက္ဆိုင္ရာ စစ္ေဆးေရးဌာနက အတည္ျပဳပါတယ္။

ဇူလိုင္လ ၂၂ ရက္ကတည္း ကားမီး႐ိႈ႕ၿပီး ထြက္ေျပးေနတဲ့ သူတို႔ ႏွစ္ဦးကို ျပည္နယ္ သံုးခုမွာ ကေနဒါ စစ္တပ္အပါအဝင္ လံုၿခံဳေရးအဖြဲ႔ေတြက လိုက္လံရွာေဖြေနတာ ျဖစ္ပါတယ္။ မက္ခ္လုဒ္နဲ႔ စကီဂ်ယ္စကီတို႔ဟာ ဘရစ္တစ္ရွ္ ကိုလမ္ဘီယာ တကၠသိုလ္က ကထိက လီယိုနတ္ဒ္ ဒိုက္ခ္၊ ၾသေၾတးလ်ႏိုင္ငံသား လူးကပ္စ္ ေဖာင္လာနဲ႔ အေမရိကန္၊ ေျမာက္ကာ႐ိုလိုင္းနားက ခ်င္နာ ဒီစီတို႔ကို သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။  

လူသတ်မှုနဲ့ အလိုရှိနေတဲ့ ကနေဒါ လူငယ် ဝရမ်းပြေးနှစ်ဦး အဆုံးစီရင်သွား

အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ရည်းစားအပြင် တခြား အမျိုးသား တစ်ဦးကိုပါ သတ်ဖြတ်မှုနဲ့ ဝရမ်းပြေး ဖြစ်နေတဲ့ ကနေဒါ လူငယ်နှစ်ဦးဟာ သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားပြီလို့ ကနေဒါရဲက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မန်နီတိုဘာ မြောက်ပိုင်းရှိ ချုံတွေထဲမှာ တွေ့ရတဲ့ အလောင်း နှစ်လောင်းဟာ ဝရမ်းပြေးအဖြစ် အလိုရှိနေတဲ့ ကမ် မက်ခ်လုဒ် (၁၉ နှစ်) နဲ့ ဘရိုင်ယာ စကီဂျယ်စကီ (၁၈ နှစ်) ဖြစ်ပြီး သူတို့ဟာ အဆုံးစီရင်သွားတာလို့ မန်နီတိုဘာ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးဌာနက အတည်ပြုပါတယ်။

ဇူလိုင်လ ၂၂ ရက်ကတည်း ကားမီးရှို့ပြီး ထွက်ပြေးနေတဲ့ သူတို့ နှစ်ဦးကို ပြည်နယ် သုံးခုမှာ ကနေဒါ စစ်တပ်အပါအဝင် လုံခြုံရေးအဖွဲ့တွေက လိုက်လံရှာဖွေနေတာ ဖြစ်ပါတယ်။ မက်ခ်လုဒ်နဲ့ စကီဂျယ်စကီတို့ဟာ ဘရစ်တစ်ရှ် ကိုလမ်ဘီယာ တက္ကသိုလ်က ကထိက လီယိုနတ်ဒ် ဒိုက်ခ်၊ သြတြေးလျနိုင်ငံသား လူးကပ်စ် ဖောင်လာနဲ့ အမေရိကန်၊ မြောက်ကာရိုလိုင်းနားက ချင်နာ ဒီစီတို့ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။