လူမှုဖူလုံရေးအလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ အားနည်းချက်တွေရှိနေ

0
43











တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုဖူလုံရေး အလုပ်သမားတွေကို ကျန်းမာရေးရှောက်စောင့်မှုပေးဖို့ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦသိန်းဆွေကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

လူမှုဖူလုံရေး အလုပ်သမားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျန်းမာရေးရှောက်စောင့်မှုပေးဖို့ အတွက် ဆေးရုံ၊ ဆေးခန်းတွေ ဆောက်လုပ်ဖို့ မြေနေရာတွေနဲ့ ငွေကြေး အားနည်းချက်တွေ ရှိနေသေးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦသိန်းဆွေကပြောပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ်မှာ လူမှုဖူလုံရေးအလုပ်သမားတွေအတွက် ဆေးကုသမှုခံယူနိုင်ဖို့ လူမှုဖူလုံရေး ကဲဝဲလ်ဆေးခန်းဖွင့်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဦသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန

လူမှုဖူလုံရေးအဖွဲ့ အနေနဲ့လူမှုဖူလုံရေးဆေးရုံ ၃ရုံ၊ ဆေးခန်း၉၆ခန်း၊ ဌာနကြီးဆေးခန်း၅၈ခန်း၊ တိုင်းရင်းဆေး ကုသခန်းနဲ့ နယ်လည်ဆေးကုသယာဉ်တွေနဲ့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒါအပြင် အာမခံ အလုပ်သမားတွေ များပြားလာတာကြောင့် PPS စနစ်ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုဝယ်သူကို ခွဲခြားတဲ့စနစ်နဲ့ အဆင်မြင့်တင်မှုတွေနဲ့လုပ်ဆောင်ပေးနေတယ်လို လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ကပြောပါတယ်။

Soundbite ဦးမောင်မောင်အေး (ညွှန်ကြားရေးမှူးချုပ်)
အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊လူမှုဖူလုံရေးအဖွဲ့

ဒါအပြင် PPS စနစ်အနေနဲ့ မြစ်ကြီးနား၊ မြိတ်၊ တောင်ကြီး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် စတဲ့မြို့ကြီးတွေမှာ အလုပ်သမားလူမှုဖူလုံဆေးခန်း ၉ ခန်းဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်ရှင်။