လူမႈကြန္ရက္စာမ်က္ႏွာကေန အမုန္းစကားေတြကို သတိနဲ႔ ဆင္ျခင္ၾကဖို႔ လိုအပ္

0
13

လူမႈကြန္ရက္စာမ်က္ႏွာ ေဖ့စ္ဘြတ္ကေန အမုန္းစကားေတြ သတိနဲ႔ ဆင္ျခင္ၾကဖို႔လိုအပ္တယ္လို႔ Equality Myanmar က ေျပာပါတယ္။ ဒီသတင္းကို MCN မုံရြာသတင္းေထာက္ တင္မာေဆြက ေပးပို႔ထားၿပီး တင္ေမာင္ေထြးက တင္ဆက္ေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ အင္တာနက္ လူမႈကြန္ရက္အသုံးျပဳသူေတြက ေဖ့စ္ဘြတ္ခ္ အသုံးျပဳမႈ ၉၁ ရာခိုင္ႏႈန္းေက်ာ္ရွိတာေၾကာင့္ ေဖ့စ္ဘြတ္ခ္ တဆင့္ Hate speech လို႔ေခၚတဲ့ အမုန္းစကားေတြ က်ား-မ (လိင္) ခြဲျခားမႈ၊ ဘာသာေရး၊ လူမိ်ဳးေရး၊ ကိုယ္ကာယ မသန္မစြမ္းမႈ စတာေတြနဲ႔ ပတ္သက္ၿပီး တဖက္သားကို နစ္နာေအာင္ တိုက္ခိုက္ေျပာဆုိေနၾကတာေတြ အမ်ားအျပားရွိေနတာ ျဖစ္ပါတယ္။

အဲဒီလို လူမႈကြန္ရက္ေပၚက ႀကီးထြားလာတဲဲ႔ အမုန္းစကားေတြကို သတိနဲ႔ ဆင္ျခင္ၾကဖို႔ လိုအပ္တယ္လို႔ Equality Myanmar က ေျပာပါတယ္။

ၾသဂုတ္လ ၂၆ ရက္ေန႔ကေန စက္တင္ဘာလ ၁ ရက္ေန႔အထိ မုံရြာၿမိဳ႕ ဂလိုရီးယက္ မုံရြာဟိုတယ္မွာ အမုန္းစကားမွသည္ သဟဇာတျဖစ္ေသာ လူမႈပတ္ဝန္းက်င္ဆီသို႔ အလုပ္ရုံေဆြးေႏြးပြဲ ျပဳလုပ္ခဲ႔တာပါ။

Soundbite  ေဒၚတိုးတိုးျမင့္ (သင္တန္းနည္းျပ)  Equality Myanmar 

လူမႈကြန္ရက္ေပၚက အမုန္းစကားအမ်ားဆံုးျဖစ္ေပၚလာရတဲ႕ အေၾကာင္းရင္းက ဘာသာေရးစြဲ၊ အဖြဲ႕စည္းစြဲေတြက တစ္ဖက္နဲ႔ တစ္ဖက္ထိုးႏွက္မႈေတြေၾကာင့္ ျဖစ္တယ္လို႔ မုံရြာတကၠသိုလ္ ေက်ာင္းသားတစ္ဦးက ေျပာပါတယ္။

အဲဒီ အမုန္းစကားေတြကို ထိန္းခ်ဳပ္ဖို႔ အလြန္အားနည္းေနၿပီး မသိနားမလည္တဲ႔ ျပည္သူတခ်ိဳ႕ကတဆင့္  ျပန္႕ပြားလာတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

Soundbite ကိုေဇာ္မင္းထက္ (မံုရြာတကၠသိုလ္)

အခုလက္ရွိ္မွာ တိုင္းရင္းသားေဒသ တိုက္ပြဲေတြနဲ႕ လူ႕အခြင့္ေရးခ်ိဳးေဖာက္မႈေတြနဲ႕ပတ္သတ္ၿပီး အမုန္းစကားျဖန္႔ျဖဴးတယ္လို႕ ယူဆရတဲ႕ ေဖ့စ္ဘြတ္အေကာင့္ေတြနဲ႕ Page စာမ်က္ႏွာေတြကို Facebook ကုမၸဏီကေန အျပီးပိုင္ ပိတ္သိမ္းတာေတြလဲ ရိွေနပါတယ္ ခင္ဗ်ာ။

လူမှုကွန်ရက်စာမျက်နှာကနေ အမုန်းစကားတွေကို သတိနဲ့ ဆင်ခြင်ကြဖို့ လိုအပ်


လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ကနေ အမုန်းစကားတွေ သတိနဲ့ ဆင်ခြင်ကြဖို့လိုအပ်တယ်လို့ Equality Myanmar က ပြောပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။


မြန်မာနိုင်ငံမှာ အင်တာနက် လူမှုကွန်ရက်အသုံးပြုသူတွေက ဖေ့စ်ဘွတ်ခ် အသုံးပြုမှု ၉၁ ရာခိုင်နှုန်းကျော်ရှိတာကြောင့် ဖေ့စ်ဘွတ်ခ် တဆင့် Hate speech လို့ခေါ်တဲ့ အမုန်းစကားတွေ ကျား-မ (လိင်) ခွဲခြားမှု၊ ဘာသာရေး၊ လူမျိုးရေး၊ ကိုယ်ကာယ မသန်မစွမ်းမှု စတာတွေနဲ့ ပတ်သက်ပြီး တဖက်သားကို နစ်နာအောင် တိုက်ခိုက်ပြောဆိုနေကြတာတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။


အဲဒီလို လူမှုကွန်ရက်ပေါ်က ကြီးထွားလာတဲ့ အမုန်းစကားတွေကို သတိနဲ့ ဆင်ခြင်ကြဖို့ လိုအပ်တယ်လို့ Equality Myanmar က ပြောပါတယ်။
သြဂုတ်လ ၂၆ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ မုံရွာမြို့ ဂလိုရီးယက် မုံရွာဟိုတယ်မှာ အမုန်းစကားမှသည် သဟဇာတဖြစ်သော လူမှုပတ်ဝန်းကျင်ဆီသို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။


Soundbite ဒေါ်တိုးတိုးမြင့် (သင်တန်းနည်းပြ) Equality Myanmar


လူမှုကွန်ရက်ပေါ်က အမုန်းစကားအများဆုံးဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာသာရေးစွဲ၊ အဖွဲ့စည်းစွဲတွေက တစ်ဖက်နဲ့ တစ်ဖက်ထိုးနှက်မှုတွေကြောင့် ဖြစ်တယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောပါတယ်။
အဲဒီ အမုန်းစကားတွေကို ထိန်းချုပ်ဖို့ အလွန်အားနည်းနေပြီး မသိနားမလည်တဲ့ ပြည်သူတချို့ကတဆင့် ပြန့်ပွားလာတာ ဖြစ်တယ်လို့ ပြောပါတယ်။


Soundbite ကိုဇော်မင်းထက် (မုံရွာတက္ကသိုလ်)


အခုလက်ရှိ်မှာ တိုင်းရင်းသားဒေသ တိုက်ပွဲတွေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီး အမုန်းစကားဖြန့်ဖြူးတယ်လို့ ယူဆရတဲ့ ဖေ့စ်ဘွတ်အကောင့်တွေနဲ့ Page စာမျက်နှာတွေကို Facebook ကုမ္ပဏီကနေ အပြီးပိုင် ပိတ်သိမ်းတာတွေလဲ ရှိနေပါတယ် ခင်ဗျာ။