
0
39




လူမျိုးရေး ခွဲခြားရင် ကွင်းထဲက ထွက်ခွာမယ်လို့ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ် ပြော

အခု သီတင်းပတ်အတွင်း ကစားမယ့် ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ်တွေမှာ ပစ်မှတ်ထားကာ လူမျိုးရေး ခွဲခြားခံရမယ်ဆိုရင် အင်္ဂလန် အသင်းအနေနဲ့ ကွင်းထဲကနေ ထွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ အင်္ဂလန် တိုက်စစ်မှူး အေဘရာဟမ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ်ဟာ လက်ရှိရာသီမှာ ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားခံရမှုတွေ တွေ့ကြုံနေသူလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့်ရက်ပိုင်းမှာ ချက်ဇ်၊ ဘူလ်ဂေးရီယား လက်ရွေးစင်အသင်းတို့နဲ့ ခြေစစ်ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနဲ့ ကစားမယ့် ဘူလ်ဂေးရီးယားအသင်းရဲ့ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်း ကစားသမားတွေကို ပစ်မှတ်ထားကာ လူမျိုးရေး ခွဲခြားတာတွေ ရှိခဲ့ပါတယ်။