လူမ်ိဳးေရး ခြဲျခားမႈဆန္က်င့္တဲ့လႈပ္ရွားမႈကို ဦးေဆာင္ပါ၀င္ေပးဖို႔ လူကာကူကိုေတာင္းဆုိ

0
32

အီတလီႏိုင္ငံအတြင္း  လူမ်ိဳးေရးခြဲျခားတဲ့လုပ္ရပ္ေတြအေပၚ ဆန္က်င့္တဲ့ လႈပ္ရွားမႈမွာ ဦးေဆာင္ပါ၀င္ဖုိ႔ အင္တာမီလန္တုိက္စစ္မွဴး လူကာကူ ကို စီးရီးေအ ေဘာလံုးျပိဳင္ပြဲက်င္းပေရး ေကာ္မတီ အႀကီးအကဲက ေတာင္းဆုိထားတယ္လို႔ The Sun သတင္းစာကဆုိပါတယ္။ 

အင္တာမီလန္ အသင္း တုိက္စစ္မွဴး ဟာ ကက္ဂလီယာရီ နဲ႔ ကစားတဲ့ စီးရီးေအ ပြဲစဥ္မွာ  လူမ်ိဳးေရးခြဲျခားခံရၿပီး ေမ်ာက္လုိ႔ ေလွာင္ေျပာင္ေအာ္ဟစ္ ခံခဲ့ရပါတယ္။ လူမ်ိဳးေရးခြဲျခားတဲ့ ပရိသတ္ေတြကိုတားဆီးႏုိင္ဖုိ႔ လႈပ္ရွားမႈေတြလုပ္ေဆာင္မွာျဖစ္ျပီး အဲဒီလႈပ္ရွားမႈေတြမွာ နာပုိလီေနာက္ခံလူ ကူလီဘာေလ နဲ႔ အင္တာမီလန္တုိက္စစ္မွဴး လူကာကူ ကို ဦးေဆာင္ပါ၀င္ဖုိ႔  စီးရီးေအ ျပိဳင္ပြဲအၾကီးအကဲက ေတာင္းဆုိထားပါတယ္။ 

လူကာကူ နဲ႔ ကူလီဘာေလတုိ႔ ဟာ စီးရီးေအ ျပိဳင္ပြဲေတြ ကစားခ်ိန္ အတြင္း လူမ်ိဳးေရးခြဲျခားမႈေတြ ရင္ဆုိင္ခဲ့ရသူေတြလည္းျဖစ္ပါတယ္။ လူမ်ိဳးေရးခြဲျခားခံရေပမယ့္ အင္တာမီလန္ ပရိသတ္ေတြ အတြက္ ႀကိဳးစားမႈေတြ ေလွ်ာ့ခ်သြားမွာမဟုတ္ေၾကာင္း တုိက္စစ္မွဴး လူကာကူက ဆုိပါတယ္။

လူမျိုးရေး ခွဲခြားမှုဆန်ကျင့်တဲ့လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ပေးဖို့ လူကာကူကိုတောင်းဆို

အီတလီနိုင်ငံအတွင်း လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်တွေအပေါ် ဆန်ကျင့်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ဖို့ အင်တာမီလန်တိုက်စစ်မှူး လူကာကူ ကို စီးရီးအေ ဘောလုံးပြိုင်ပွဲကျင်းပရေး ကော်မတီ အကြီးအကဲက တောင်းဆိုထားတယ်လို့ The Sun သတင်းစာကဆိုပါတယ်။

အင်တာမီလန် အသင်း တိုက်စစ်မှူး ဟာ ကက်ဂလီယာရီ နဲ့ ကစားတဲ့ စီးရီးအေ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံရပြီး မျောက်လို့ လှောင်ပြောင်အော်ဟစ် ခံခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားတဲ့ ပရိသတ်တွေကိုတားဆီးနိုင်ဖို့ လှုပ်ရှားမှုတွေလုပ်ဆောင်မှာဖြစ်ပြီး အဲဒီလှုပ်ရှားမှုတွေမှာ နာပိုလီနောက်ခံလူ ကူလီဘာလေ နဲ့ အင်တာမီလန်တိုက်စစ်မှူး လူကာကူ ကို ဦးဆောင်ပါဝင်ဖို့ စီးရီးအေ ပြိုင်ပွဲအကြီးအကဲက တောင်းဆိုထားပါတယ်။

လူကာကူ နဲ့ ကူလီဘာလေတို့ ဟာ စီးရီးအေ ပြိုင်ပွဲတွေ ကစားချိန် အတွင်း လူမျိုးရေးခွဲခြားမှုတွေ ရင်ဆိုင်ခဲ့ရသူတွေလည်းဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားခံရပေမယ့် အင်တာမီလန် ပရိသတ်တွေ အတွက် ကြိုးစားမှုတွေ လျှော့ချသွားမှာမဟုတ်ကြောင်း တိုက်စစ်မှူး လူကာကူက ဆိုပါတယ်။