0
28
           လူငယ်ရေးရာကော်မတီ
လူငယ်ရေးရာ ကော်မတီဝင်တွေကို မဲပေးရွေးချယ်တဲ့ စနစ်နဲ့ အခုလအတွင်း ရွေးချယ်
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခရိုင်က လူငယ်ရေးရာကော်မတီဝင်တွေကို မဲပေးရွေးချယ်တဲ့ စနစ်နဲ့ အခုလ အတွင်း ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီသတင်းကို MCN သတင်းထောက်ဌေးဌေး ကပေးပို့ခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ဖို့ အရှေ့ပိုင်းနဲ့အနောက်ပိုင်း ခရိုင်အဆင့်ရွေးချယ်မှုကိုတော့ စက်တင်ဘာလပထမပတ်ထဲမှာ ရွေးချယ်ခဲ့သလို တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်း ခရိုင်အဆင့်ကိုတော့ စက်တင်ဘာဒုတိယပတ်မှာ မဲပေးရွေးချယ်တဲ့စနစ်နဲ့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Sounbite ;သီတာလှိုင် (တွဲဖက်အတွင်းရေးမှူး(၁))
လူငယ်ရေးရာကော်မတီ
အဲဒီခရိုင်အဆင့်မဲပေးမရွေးချယ်မှုက ၂၀၁၉-၂၀ ခုနှစ်အတွင်းကို အရေးကြီးဆုံးကဏ္ဍ ၃ ခုကိုရွေးချယ်ပြီး အ ကောင်အထည် ဖော်ဆောင်ရွက်ရမယ့်အကြောင်းအရာတွေကို အုပ်စုလိုက်ဆွေးနွေးတာတွေလုပ်ဆောင်ရတာ ဖြစ်ပါတယ် ။
လက်ရှိမှာ မြောက်ပိုင်းခရိုင်အဆင့် ရွေးချယ်ခံရမယ့်ကော်မတီဝင်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ပိုပြီး ဦးစားပေးလုပ်ဆောင်စေချင်တယ်လို့လည်း ပြောပါတယ်။
Soundbite; မချိုချိုသက်(တတိယနှစ်ကျောင်းသူ)
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(အဝေးသင်)
မြောက်ပိုင်းခရိုင်အတွင်းမှာ ခရိုင်အဆင့်ဝင်ရောက်အရွေးချယ်ခံတဲ့လူငယ်တွေထဲမှာ လူမှုရေးပရဟိတလုပ်ကိုင် သူတွေအပါအဝင် ပါတီအဖွဲ့အစည်းကလူငယ်တွေနဲ့ပြင်ပ လူငယ်တွေလည်းပါဝင်တာဖြစ်ပါတယ်။ဒါအ့ပြင် ခရိုင်အဆင့် လူငယ်ရေးရာကော်မတီကိုရွေးချယ်ပြီးပါက ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌအပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ ဝင်တွေကိုရွေးချယ်သွားမှာဖြစ်ပြီး ခရိုင်အဆင့်ရွေးချယ်မှုကို စက်တင်ဘာလအတွင်းအပြီးသတ်ဆောင်ရွက် သွားမှာဖြစ်တယ်လို့လည်း လူငယ်ရေးရာကော်မတီကပြောပါတယ်ရှင်။