
0
521







>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်ရေးရာမူဝါဒကို တက္ကသိုလ်တွေမှာ မိတ်ဆက်မယ်

လူငယ်ရေးရာမူဝါဒကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCNသတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ်။

လူငယ်ရေးရာမူဝါဒကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ တက္ကသိုလ်တွေမှာ မိတ်ဆက်သွားမှာဖြစ်ပြီး မတ်လ ၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ လူငယ်ရေးရာမူဝါဒကို စတင်မိတ်ဆက်ခဲ့ပါတယ်။

Soundbite – ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)
(ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ)

နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့အတွက် လူငယ်တွေက အရေးကြီးတဲ့ အခန်းကဏ္ဏကပါဝင်နေတာကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဏအသီးသီး မှာ ဖြည့်ဆည်းပေးနိုင်တဲ့ ဥပဒေတွေ ၊စီမံချက်တွေ ပေါ်ပေါက်လာဖို့အတွက် အခုလို မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးနေတာပါ။

Soundbite – ကိုထက်ပိုင်စိုး (ပြည်ထောင်စုကိုယ်စားလှယ်)
(ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ)

လူငယ်ရေးရာကော်မတီဖွဲ့စည်းထားပုံတွေ ၊ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက တစ်နှစ်တာအတွင်းမှာ ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ မူဝါဒထဲမှာပါတဲ့အချက်အလက်တွေကို တက္ကသိုလ်အသီးအသီးမှာ သွားရောက်မိတ်ဆက် ရှင်းလင်းသွားမှာ ဖြစ်ပါတယ်ခင်ဗျား။