လူငယ္ေရးရာေကာ္မတီကဦးေဆာင္ၿပီး Youth Career Forum 2019 ပြဲျပဳလုပ္မယ္

0
29

ရန္ကုန္တုိင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီက ဦးေဆာင္ၿပီး Youth Career Forum 2019 ပြဲကိုျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထား ပါတယ္။

Youth Career Forum-2019 ပြဲကို ေအာက္တုိဘာလ ၁၉ ရက္နဲ႕ ၂၀ ရက္ေန႔ေတြမွာ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတား ၿမိဳ႕နယ္မွာ ရွိတဲ့ Old Tourist Burma Building မွာျပဳလုပ္သြားမွာျဖစ္ပါတယ္။ဒီပြဲကို ရန္ကုန္တုိင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီက ဦးေဆာင္ ျပဳလုပ္သြားမွာျဖစ္ၿပီး ပြဲနဲ႔ ပတ္သက္လို႔ ေကာ္မတီက အခုလိုေျပာဆိုထားပါတယ္။

Soundbite – မသဲစုစုထြန္း(တာ၀န္ခံ) အလုပ္အကိုင္အခြင့္အလမ္းႏွင့္ စီးပြားေရးဆိုင္ရာ လုပ္ငန္းေကာ္မတီ

ဒီ Forum မွာလူငယ္ေတြအတြက္ သက္ဆိုင္ရာနယ္ပယ္နဲ႕ လုပ္ငန္းခြင္မွာလိုအပ္တဲ့ အရည္အေသြးေတြ၊ ဗဟုသုတေတြနဲ႕ပတ္သက္တဲ့ေဆြးေႏြးပြဲေတြ၊ အလုပ္အကိုင္နဲ႕ပတ္သက္တဲ့ Network ေတြေပၚေပါက္ လာဖို႕အတြက္သင္ၾကားမႈေတြလည္းပါ၀င္မွာျဖစ္ပါတယ္။

Soundbite – မသဲစုစုထြန္း(တာ၀န္ခံ) အလုပ္အကိုင္အခြင့္အလမ္းႏွင့္ စီးပြားေရးဆိုင္ရာ လုပ္ငန္းေကာ္မတီ

ဒါ့အျပင္ အနာဂတ္မွာ ျဖစ္ေပၚလာမယ့္ အလုပ္အကိုင္အခြင့္အလမ္းေတြအတြက္ ျပင္ဆင္ထားရမယ့္ အခ်က္ ေတြအျပင္ မသန္စြမ္းေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ၊ လူငယ္ေတြထဲမွာ အလုပ္အကိုင္နဲ႕ ပတ္သက္ၿပီး ျဖစ္ေပၚေနတဲ့ျပႆနာေတြကို ဒီForum မွာ ရွာေဖြေဖာ္ထုတ္သြားမွာ ျဖစ္တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီးလူငယ္ေရးရာေကာ္မတီက ေျပာဆိုခဲ့ပါတယ္။

ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး Youth Career Forum 2019 ပွဲကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထား ပါတယ်။

Youth Career Forum-2019 ပွဲကို အောက်တိုဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာ ရှိတဲ့ Old Tourist Burma Building မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီပွဲကို ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ဦးဆောင် ပြုလုပ်သွားမှာဖြစ်ပြီး ပွဲနဲ့ ပတ်သက်လို့ ကော်မတီက အခုလိုပြောဆိုထားပါတယ်။

Soundbite – မသဲစုစုထွန်း(တာဝန်ခံ) အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ

ဒီ Forum မှာလူငယ်တွေအတွက် သက်ဆိုင်ရာနယ်ပယ်နဲ့ လုပ်ငန်းခွင်မှာလိုအပ်တဲ့ အရည်အသွေးတွေ၊ ဗဟုသုတတွေနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ Network တွေပေါ်ပေါက် လာဖို့အတွက်သင်ကြားမှုတွေလည်းပါဝင်မှာဖြစ်ပါတယ်။

Soundbite – မသဲစုစုထွန်း(တာဝန်ခံ) အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီ

ဒါ့အပြင် အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ပြင်ဆင်ထားရမယ့် အချက် တွေအပြင် မသန်စွမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ လူငယ်တွေထဲမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဒီForum မှာ ရှာဖွေဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ပြောဆိုခဲ့ပါတယ်။