လူငယ္ေတြ အလုပ္ရ႐ွိမႈနည္းတာက ႏိုင္ငံရဲ႕ပညာေရးစနစ္အားနည္းၿပီး အခြင့္ေရးနည္းပါးလို႔ျဖစ္

0
49

ျမန္မာႏိုင္ငံကလူငယ္ေတြ အလုပ္ရရွိမႈနည္းပါတာက ႏိုင္ငံရဲ႕ပညာေရးစနစ္အားနည္းၿပီး အလုပ္အကိုင္ အခြင့္အလမ္းေတြ နည္းပါးေနတာေၾကာင့္ျဖစ္တယ္လို႕ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႔ထားပါတယ္။

ဘြဲ႔ရရွိၿပီး လူငယ္ေတြအေနနဲ႔   ေက်ာင္းတက္ခ်ိန္ေတြမွာ လုပ္ငန္းခြင္အႀကိဳ သင္တန္းေပးမႈေတြ မရွိခဲ့ တာေၾကာင့္ လုပ္ငန္းခြင္ထဲ ခ်က္ခ်င္း၀င္ေရာက္ဖို႔ အခက္အခဲေတြ ျဖစ္ေပၚေနတာပါ။

အဲဒါေၾကာင့္ ဘြဲရရွိၿပီး လူငယ္ေတြအေနနဲ႔ လုပ္ငန္းရွင္ေတြ ၾကိဳက္ႏွစ္သက္ေလာက္မယ့္  သင္တန္းေတြ လိုက္တက္ရင္း ရည္ရြယ္ခ်က္ေတြ ေပ်ာက္ကုန္ၾကတာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီက ျပည္ေထာင္စုကိုယ္စားလွယ္ ကိုထက္ပိုင္စိုးက ေျပာပါတယ္။

ေအာက္တိုဘာလ ၈ ရက္ေန႕က ရန္ကုန္ၿမိဳ႕၊ ကမ္းနားလမ္းက Seedspace မွာျပဳလုပ္တဲ့ ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ၊ အလုပ္အကိုင္အခြင့္အလမ္းနဲ႕ စီးပြားေရးဆိုင္ရာ လုပ္ငန္းေကာ္မတီက ဦးေဆာင္က်င္းပမယ့္ Youth Career Forum ပြဲအေၾကာင္း မိတ္ဆက္ပြဲမွာ အခုလိုေျပာခဲ့တာပါ။

Soundbite – ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)

ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ

လက္ရွိ အစိုးရ ပညာေရးစနစ္မွာ ေက်ာင္းၿပီးရင္ လုပ္ငန္းခြင္၀င္ႏိုင္ဖို႕အတြက္ ေထာက္ပံ့ေပးတဲ့ေနရာမွာ လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ လူငယ္ေတြအေနနဲ႔ မိမိကိုယ္တိုင္ လုပ္ငန္းခြင္ထဲ ၀င္ေရာက္ႏုိင္ဖို႔  ႀကိဳးစားခ်ိတ္ဆက္ၿပီး လုပ္ေဆာင္သင့္တယ္လို႔ ေျပာပါတယ္ ။

Soundbite – ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)

ရန္ကုန္တိုင္းေဒသႀကီး လူငယ္ေရးရာေကာ္မတီ

လက္ရွိ လူငယ္ေရးရာေကာ္မတီက အလုပ္အကိုင္နဲ႕ပတ္သက္ၿပီး လူငယ္ေတြၾကားမွာ ျဖစ္ေပၚေနတဲ့ ႀကံဳေတြ႕ေနရတဲ့ ျပႆနာေတြကုိ  ရွာေဖြေဖာ္ထုတ္တာအျပင္ မသန္စြမ္း လူငယ္ေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ ဖန္တီးေပးႏိုင္ဖို႕အတြက္လည္း ႀကိဳးစားေနတယ္လို႕ ေျပာပါတယ္ ခင္ဗ်ာ။

မြန်မာနိုင်ငံကလူငယ်တွေ အလုပ်ရရှိမှုနည်းပါတာက နိုင်ငံရဲ့ပညာရေးစနစ်အားနည်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးနေတာကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

ဘွဲ့ရရှိပြီး လူငယ်တွေအနေနဲ့ ကျောင်းတက်ချိန်တွေမှာ လုပ်ငန်းခွင်အကြို သင်တန်းပေးမှုတွေ မရှိခဲ့ တာကြောင့် လုပ်ငန်းခွင်ထဲ ချက်ချင်းဝင်ရောက်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။

အဲဒါကြောင့် ဘွဲရရှိပြီး လူငယ်တွေအနေနဲ့ လုပ်ငန်းရှင်တွေ ကြိုက်နှစ်သက်လောက်မယ့် သင်တန်းတွေ လိုက်တက်ရင်း ရည်ရွယ်ချက်တွေ ပျောက်ကုန်ကြတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ပြည်ထောင်စုကိုယ်စားလှယ် ကိုထက်ပိုင်စိုးက ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ကမ်းနားလမ်းက Seedspace မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းကော်မတီက ဦးဆောင်ကျင်းပမယ့် Youth Career Forum ပွဲအကြောင်း မိတ်ဆက်ပွဲမှာ အခုလိုပြောခဲ့တာပါ။

Soundbite – ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

လက်ရှိ အစိုးရ ပညာရေးစနစ်မှာ ကျောင်းပြီးရင် လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက် ထောက်ပံ့ပေးတဲ့နေရာမှာ လိုအပ်ချက်တွေရှိနေတာကြောင့် လူငယ်တွေအနေနဲ့ မိမိကိုယ်တိုင် လုပ်ငန်းခွင်ထဲ ဝင်ရောက်နိုင်ဖို့ ကြိုးစားချိတ်ဆက်ပြီး လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ် ။

Soundbite – ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ

လက်ရှိ လူငယ်ရေးရာကော်မတီက အလုပ်အကိုင်နဲ့ပတ်သက်ပြီး လူငယ်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ရှာဖွေဖော်ထုတ်တာအပြင် မသန်စွမ်း လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ ပြောပါတယ် ခင်ဗျာ။