လူငယ္ေတြၾကားမွာ စာဖတ္အားေလ်ာ့နည္းမႈ မရွိ

0
55

အမ်ားက ေဝဖန္ေနသလို လူငယ္ေတြအၾကားမွာ စာဖတ္အားေလ်ာ့နည္းလာတာ မရွိဘူးလို႕ စာေပေလာက စာအုပ္တိုက္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

လူငယ္ေတြအေနနဲ႕ စာအုပ္ဆိုင္ေတြကေန စာအုပ္၀ယ္ယူဖတ္ရႈတာေတြ မ်ားစြာရွိတဲ့အတြက္ စာအုပ္တိုက္ ေတြမွာ အေရာင္းအးက်သြားတာမ်ိဳး မရွိဘူးလို႕ စာေပေလာကစာအုပ္တိုက္ရဲ႕ ထုတ္ေ၀သူ ဦးမ်ိဳးညြန္႔က ေျပာပါတယ္။

ၾသဂုတ္လ ၁၆ ရက္ေန႔က အေနာ္ရထာလမ္းနဲ႔ မဟာဗႏၶဳလပန္းၿခံလမ္း ေထာင့္မွာ လူငယ္ေတြ စာအုပ္ဖတ္တာေတြ၊ စာအုပ္ငွားတာေတြ၊ စာအုပ္အေဟာင္းေတြကို အေရာင္းအ၀ယ္လုပ္တာနဲ႕ ကဗ်ာရြတ္တာေတြ ျပဳလုပ္ႏိုင္ဖို႔ Inya Book Club ကို စာေပေလာကစာအုပ္တိုက္က ဖြင့္လွစ္ခဲ့တာပါ။

Soundbite – ဦးမ်ိဳးညြန္႕ (ထုတ္ေ၀သူ)

စာေပေလာက စာအုပ္တိုက္

ဒါ့အျပင္ လူငယ္ေတြဟာ စာအုပ္အမ်ိဳးအစားေပါင္းစံုကို ဖတ္ရႈၾကၿပီး အခုေနာက္ပိုင္း တက္က်မ္းနဲ႕ ကဗ်ာစာအုပ္ေတြကို ပိုၿပီးဖတ္လာၾကတာေၾကာင့္ ႏိုင္ငံတကာမွာရွိတဲ့ စာအုပ္တိုက္ေတြလို လူငယ္ေတြဖတ္ဖို႕ စာအုပ္ ၁၀၀ ပံုစံ စာအုပ္ေတြကို ျပည္တြင္းက စာအုပ္တိုက္ေတြကေန ထုတ္ေ၀သင့္ တယ္လို႕ေျပာပါတယ္။

Soundbite – ဦးမ်ိဳးညြန္႕ (ထုတ္ေ၀သူ)

စာေပေလာက စာအုပ္တိုက္

ျမန္မာႏိုင္ငံက စာေပထုတ္ေ၀သူေတြက ၀ါသနာအရင္းခံၿပီး တစ္ပိုင္တစ္ႏိုင္ထုတ္ေ၀ၾကတဲ့သူေတြ ျဖစ္တာေၾကာင့္ ႏိုင္ငံတကာက စာေပထုတ္ေ၀ေရးေတြလို စာေပဖတ္ရႈသူေတြအတြက္ စနစ္တက် စာအုပ္ထုတ္ေ၀ႏိုင္တာေတြ မရွိေသးဘူးလို႔လည္း ဥိီးမ်ိဳးညြန္႔က ေျပာပါတယ္ခင္ဗ်ာ။

လူငယ်တွေကြားမှာ စာဖတ်အားလျော့နည်းမှု မရှိ


အများက ဝေဖန်နေသလို လူငယ်တွေအကြားမှာ စာဖတ်အားလျော့နည်းလာတာ မရှိဘူးလို့ စာပေလောက စာအုပ်တိုက်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။


လူငယ်တွေအနေနဲ့ စာအုပ်ဆိုင်တွေကနေ စာအုပ်ဝယ်ယူဖတ်ရှုတာတွေ များစွာရှိတဲ့အတွက် စာအုပ်တိုက် တွေမှာ အရောင်းအးကျသွားတာမျိုး မရှိဘူးလို့ စာပေလောကစာအုပ်တိုက်ရဲ့ ထုတ်ဝေသူ ဦးမျိုးညွန့်က ပြောပါတယ်။


သြဂုတ်လ ၁၆ ရက်နေ့က အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်း ထောင့်မှာ လူငယ်တွေ စာအုပ်ဖတ်တာတွေ၊ စာအုပ်ငှားတာတွေ၊ စာအုပ်အဟောင်းတွေကို အရောင်းအဝယ်လုပ်တာနဲ့ ကဗျာရွတ်တာတွေ ပြုလုပ်နိုင်ဖို့ Inya Book Club ကို စာပေလောကစာအုပ်တိုက်က ဖွင့်လှစ်ခဲ့တာပါ။


Soundbite – ဦးမျိုးညွန့် (ထုတ်ဝေသူ)
စာပေလောက စာအုပ်တိုက်


ဒါ့အပြင် လူငယ်တွေဟာ စာအုပ်အမျိုးအစားပေါင်းစုံကို ဖတ်ရှုကြပြီး အခုနောက်ပိုင်း တက်ကျမ်းနဲ့ ကဗျာစာအုပ်တွေကို ပိုပြီးဖတ်လာကြတာကြောင့် နိုင်ငံတကာမှာရှိတဲ့ စာအုပ်တိုက်တွေလို လူငယ်တွေဖတ်ဖို့ စာအုပ် ၁၀ဝ ပုံစံ စာအုပ်တွေကို ပြည်တွင်းက စာအုပ်တိုက်တွေကနေ ထုတ်ဝေသင့် တယ်လို့ပြောပါတယ်။


Soundbite – ဦးမျိုးညွန့် (ထုတ်ဝေသူ)
စာပေလောက စာအုပ်တိုက်


မြန်မာနိုင်ငံက စာပေထုတ်ဝေသူတွေက ဝါသနာအရင်းခံပြီး တစ်ပိုင်တစ်နိုင်ထုတ်ဝေကြတဲ့သူတွေ ဖြစ်တာကြောင့် နိုင်ငံတကာက စာပေထုတ်ဝေရေးတွေလို စာပေဖတ်ရှုသူတွေအတွက် စနစ်တကျ စာအုပ်ထုတ်ဝေနိုင်တာတွေ မရှိသေးဘူးလို့လည်း ဥိီးမျိုးညွန့်က ပြောပါတယ်ခင်ဗျာ။