လူငယ်အစီအစဉ် အမှတ်စဉ် (၁၆၀)

0
277

မြန်မာ့ရုပ်မြင်သံကြား MRTV ကစီစဉ်တင်ဆက်ပေးနေတဲ့ လူငယ်အစီအစဉ်က ကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပကလူငယ်ရေးရာသတင်းတွေကိုစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။။။။ ၁။ ကမ္ဘာလုံးဆိုင်ရာ မတူကွဲပြား ယုံကြည်မှုများ သဟဇာတဖြစ်ရေး ရက်သတ္တတစ်ပတ်အဖြစ် မေတ္တာစက်ဝိုင်း လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့သတင်း ၂။ ICE Youth စာကြည့်တိုက်ကို ရပ်ရွာအကျိုးပြုစာကြည့်တိုက်အဖြစ် တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ အကြောင်း ၃။ တရုတ်ရိုးရာ ခြင်္သေ့အကကို အင်ဒိုနီးရှားနိုင်ငံက လူငယ်တွေ လေ့လာသင်ကြားနေတဲ့ သတင်း စတဲ့ သတင်းတွေနဲ့အတူအခြားထူးခြားတဲ့ ပြည်တွင်းပြည်ပလူငယ်သတင်းတွေ၊ ရုပ်သံမှတ်တမ်းတွေကိုလည်း တင်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။