လူငယ္စင္တာေဆာက္ဖို႔ ေျမေနရာ႐ွာေနတယ္လို႔ လူငယ္ေရးရာေကာ္မတီေျပာ

0
34

လူငယ္ေတြအတြက္ လူငယ္စင္တာတည္ေဆာက္ဖို႔ ေျမေနရာရွာေဖြေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ လူငယ္ေရးရာေကာ္မတီကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးက ေပးပို႔ထားပါတယ္။

လူငယ္ေတြတရား၀င္ေတြ႕ဆံုဖုိ႔အတြက္ ေနရာသတ္မွတ္ထားတာမရွိတာေၾကာင့္ လူငယ္ေရးရာေကာ္မတီ၀င္ေတြ ေပၚလစီေရးဆြဲခဲ့စဥ္ကလည္း နီးစပ္ရာ လက္ဖက္ရည္ဆိုင္ေတြ၊ ရံုးခန္း ေတြနဲ႔ သူငယ္ခ်င္းအိမ္ေတြမွာ ေတြ႕ဆံုခဲ့ရတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းက လူငယ္ေတြအေနနဲ႔ တီထြင္ႀကံဆမႈအသစ္ေတြကို ဖန္တီးဖို႔ လူငယ္ေတြေတြ႕ဆံုစရာ ေနရာမရွိတာေၾကာင့္ လူငယ္စင္တာတည္ေဆာက္ဖို႔ အေကာင္ အထည္ေနတာပါ။

Soundbite;ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)

               ရန္ကုန္တိုင္းေဒသႀကီး၊လူငယ္ေရးရာေကာ္မတီ

လူငယ္စင္တာတည္ေဆာက္ဖို႔အတြက္ ေျမေနရာရွာေဖြေရးလုပ္ငန္းစဥ္ေတြကို တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ စတင္ေနၿပီး တစ္ခ်ဳိ႕တိုင္းေဒသႀကီးေတြမွာလည္း ေျမေနရာရရွိေနၿပီလည္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ ေဆာက္လုပ္မယ့္ ေျမေနရာအခက္အခဲေတြရွိၿပီး ၀န္ႀကီးခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ လူငယ္ေရးရာေကာ္မတီနဲ႔ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတို႔ ပူးေပါင္းၿပီး ေျမေနရာရွာေဖြေနတာလည္း ျဖစ္ပါတယ္။ 

Soundbite;ကိုထက္ပိုင္စိုး(ျပည္ေထာင္စုကိုယ္စားလွယ္)

               ရန္ကုန္တိုင္းေဒသႀကီး၊လူငယ္ေရးရာေကာ္မတီ

လူငယ္စင္တာနဲ႔ပတ္သက္ၿပီး ၀န္ႀကီးခ်ဳပ္နဲ႔ ဒုတိယအႀကိမ္ေတြ႔ဆံုရာမွာ ဒဂံုၿမိဳ႕သစ္နားတစ္၀ိုက္ကို ရွာ ေဖြဖို႔ အႀကံျပဳခဲ့ေပမယ့္ အနည္းငယ္ေ၀းကြာတဲ့အတြက္ ရန္ကုန္- ဒလ တံတားၿပီးစီးရင္ ရန္ကုန္နဲ႔ အနီးဆံုးျဖစ္ လာမွာျဖစ္တာေၾကာင့္ ဒလၿမိဳ႕ဘက္ကို ရွာေဖြေနတယ္လို႔ ေျပာပါတယ္ရွင္။

လူငယ်တွေအတွက် လူငယ်စင်တာတည်ဆောက်ဖို့ မြေနေရာရှာဖွေနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးက ပေးပို့ထားပါတယ်။

လူငယ်တွေတရားဝင်တွေ့ဆုံဖို့အတွက် နေရာသတ်မှတ်ထားတာမရှိတာကြောင့် လူငယ်ရေးရာကော်မတီဝင်တွေ ပေါ်လစီရေးဆွဲခဲ့စဉ်ကလည်း နီးစပ်ရာ လက်ဖက်ရည်ဆိုင်တွေ၊ ရုံးခန်း တွေနဲ့ သူငယ်ချင်းအိမ်တွေမှာ တွေ့ဆုံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက လူငယ်တွေအနေနဲ့ တီထွင်ကြံဆမှုအသစ်တွေကို ဖန်တီးဖို့ လူငယ်တွေတွေ့ဆုံစရာ နေရာမရှိတာကြောင့် လူငယ်စင်တာတည်ဆောက်ဖို့ အကောင် အထည်နေတာပါ။

Soundbite;ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး၊လူငယ်ရေးရာကော်မတီ

လူငယ်စင်တာတည်ဆောက်ဖို့အတွက် မြေနေရာရှာဖွေရေးလုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စတင်နေပြီး တစ်ချို့တိုင်းဒေသကြီးတွေမှာလည်း မြေနေရာရရှိနေပြီလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ဆောက်လုပ်မယ့် မြေနေရာအခက်အခဲတွေရှိပြီး ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လူငယ်ရေးရာကော်မတီနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး မြေနေရာရှာဖွေနေတာလည်း ဖြစ်ပါတယ်။

Soundbite;ကိုထက်ပိုင်စိုး(ပြည်ထောင်စုကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး၊လူငယ်ရေးရာကော်မတီ

လူငယ်စင်တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်နဲ့ ဒုတိယအကြိမ်တွေ့ဆုံရာမှာ ဒဂုံမြို့သစ်နားတစ်ဝိုက်ကို ရှာ ဖွေဖို့ အကြံပြုခဲ့ပေမယ့် အနည်းငယ်ဝေးကွာတဲ့အတွက် ရန်ကုန်- ဒလ တံတားပြီးစီးရင် ရန်ကုန်နဲ့ အနီးဆုံးဖြစ် လာမှာဖြစ်တာကြောင့် ဒလမြို့ဘက်ကို ရှာဖွေနေတယ်လို့ ပြောပါတယ်ရှင်။