လုပ္ငန္းခြင္မွာ မတည္ၿငိမ္တာဟာ အလုပ္သမားေတြရဲ႕အသံကိုနားမေထာင္တာေၾကာင့္ျဖစ္

0
75

လုပ္ငန္းခြင္အတြင္း တည္ၿငိမ္မႈမရွိတာဟာ အလုပ္သမားေတြရဲ႕အသံကို နားမေထာင္ဘဲ ဥပေဒေရးဆြဲက်င့္သံုးသူေတြေၾကာင့္ ျဖစ္တယ္လို႔  ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(CTUM) က ေျပာပါတယ္။ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္ က ေပးပို႔ထားပါတယ္။

လက္ရွိ လုပ္ငန္းခြင္အတြင္း အလုပ္သမားေတြ ဆႏၵျပမႈေတြ ျဖစ္ေပၚေနတာဟာ ေရးဆြဲထားတဲ့ ဥပေဒေတြအပါအ၀င္ အလုပ္ရွင္နဲ႕ အလုပ္သမားအျငင္း ပြားမႈျဖစ္လာပါက အျငင္းပြားမႈ ေျဖရွင္းေရး ယႏၱရားနဲ႕မေျဖရွင္းဘဲ တရားရံုးကို ပို႕ေဆာင္တဲ့ကိစၥရပ္ေတြေၾကာင့္ ျဖစ္တယ္လို႕ CTUM ကေျပာပါတယ္။

ဒါ့အျပင္ အလုပ္သမားအျငင္းပြားမႈျဖစ္လာရင္ တရားရံုးကို ပို႕ေဆာင္တာဟာ အလုပ္သမားအတြက္ ျပန္လည္ေျဖရွင္း ႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ေတြကို ပိုၿပီးေမွးမွိန္ေစတယ္လို႕လည္း ေျပာပါတယ္။

Soundbite – ဦးေမာင္ေမာင္ (ဥကၠဌ)

ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့အလုပ္သမားျပႆနာေတြက အလုပ္သမားဥပေဒေတြ ေၾကာင့္ျဖစ္ပြားတာ ျဖစ္ၿပီး သမဂၢေတြအေနနဲ႕လည္း အလုပ္သမားထု ၂၂ သန္းရဲ႕ေရွ႕ေရးကိုေတြးၿပီး ၿငိမ္ခံေနမွာမဟုတ္ဘဲ ဥပေဒနဲ႕ပတ္သက္ၿပီး ျပင္ဆင္တာေတြလုပ္ဖို႕ ေဆြးေႏြးမႈေတြျပဳလုပ္သြားမယ္လို႕ေျပာပါတယ္။

Soundbite – ဦးေမာင္ေမာင္ (ဥကၠဌ)

ျမန္မာႏိုင္ငံလံုးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၉ ရက္ေန႕ကလည္း အလုပ္သမားအျငင္းပြားမႈေျဖရွင္းေရးဥပေဒပါ အခ်က္ေတြ ျပင္ဆင္ အတည္ျပဳေပးေရးနဲ႕ ပတ္သက္ၿပီး အလုပ္သမား ၂၅၀၀ ေလာက္က လိႈင္သာယာၿမိဳ႕နယ္မွာ  ဆႏၵထုတ္ေဖာ္ ခဲ့ၾကပါတယ္ခင္ဗ်ာ။

လုပ်ငန်းခွင်အတွင်း တည်ငြိမ်မှုမရှိတာဟာ အလုပ်သမားတွေရဲ့အသံကို နားမထောင်ဘဲ ဥပဒေရေးဆွဲကျင့်သုံးသူတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) က ပြောပါတယ်။ဒီသတင်းကို MCN သတင်းထောက် အာကာထက် က ပေးပို့ထားပါတယ်။

လက်ရှိ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာဟာ ရေးဆွဲထားတဲ့ ဥပဒေတွေအပါအဝင် အလုပ်ရှင်နဲ့ အလုပ်သမားအငြင်း ပွားမှုဖြစ်လာပါက အငြင်းပွားမှု ဖြေရှင်းရေး ယန္တရားနဲ့မဖြေရှင်းဘဲ တရားရုံးကို ပို့ဆောင်တဲ့ကိစ္စရပ်တွေကြောင့် ဖြစ်တယ်လို့ CTUM ကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားအငြင်းပွားမှုဖြစ်လာရင် တရားရုံးကို ပို့ဆောင်တာဟာ အလုပ်သမားအတွက် ပြန်လည်ဖြေရှင်း နိုင်မယ့် မျှော်လင့်ချက်တွေကို ပိုပြီးမှေးမှိန်စေတယ်လို့လည်း ပြောပါတယ်။

Soundbite – ဦးမောင်မောင် (ဥက္ကဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

နိုင်ငံအတွင်းဖြစ်ပွားနေတဲ့အလုပ်သမားပြဿနာတွေက အလုပ်သမားဥပဒေတွေ ကြောင့်ဖြစ်ပွားတာ ဖြစ်ပြီး သမဂ္ဂတွေအနေနဲ့လည်း အလုပ်သမားထု ၂၂ သန်းရဲ့ရှေ့ရေးကိုတွေးပြီး ငြိမ်ခံနေမှာမဟုတ်ဘဲ ဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်တာတွေလုပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ပြောပါတယ်။

Soundbite – ဦးမောင်မောင် (ဥက္ကဌ)
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကလည်း အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေပါ အချက်တွေ ပြင်ဆင် အတည်ပြုပေးရေးနဲ့ ပတ်သက်ပြီး အလုပ်သမား ၂၅၀ဝ လောက်က လှိုင်သာယာမြို့နယ်မှာ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်ခင်ဗျာ။