
0
48





လီဗာပူးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ရင် ရာထူးကထုတ်ပယ်ခံရမှာ စိုးရိမ်နေတဲ့ နည်းပြဆိုလ်ရှား

လာမယ့်ပရီးမီယားလိဂ် ပွဲစဉ်မှာ လီဗာပူးအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရင် ရာထူးက ထုတ်ပယ်ခံရမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုလ်ရှား စိုးရိမ်နေတယ်လို့ Daily Mail သတင်းဌာနကဖော်ပြပါတယ်။

လီဗာပူးအသင်းကို ဂိုးပြတ် ရှုံးနိမ့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် အမှုဆောင်အရာရှိချုပ် အက်ဝုဝက်ဒ် ဟာ နည်းပြဆိုလ်ရှားကို ဖိအားပေးဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ဟာလီဗာပူးအသင်း နဲ့ အောက်တိုဘာ ၂၀ ရက်မှာ ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမယ်လို့ နည်းပြ ဆိုလ်ရှားကဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ပရီးမီယားလိဂ်ပြိုင်ပွဲ ရာသီအစပွဲစဉ်တွေကို နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရလဒ်တွေ နဲ့ ရင်ဆိုင်နေရပြီး ပရီးမီယားလိဂ် ပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ တန်းဆင်းဇုန်အထက်နား ၂မှတ် အကွာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။