လိုဏ္ဂူမွာ ပိတ္မိေနသူေတြ ရွာေဖြေရးမွာ ေထာက္ပံ့ဖို႔ ထိုင္းမင္းသမီး ဘတ္ ၅ သိန္း ေထာက္ပံ့

0
494

ထိုင္းေတာ္ဝင္ မင္းသမီး ခ်ဴလာဘြန္းက ခ်င္း႐ိုင္ လိုဏ္ဂူမွာ ပိတ္မိေနတဲ့ လူငယ္ ၁၃ ဦးကို ရွာေဖြကယ္ဆယ္ေရးမွာ သံုးဖို႔ ခ်င္း႐ိုင္ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး နာရြန္ဆတ္ အိုေဆာ့တာနာကြန္းကို ထိုင္းဘတ္ေငြ ၅ သိန္း ေထာက္ပံ့လိုက္ပါတယ္။

ဒီေန႔ ဇြန္ ၂၇ ရက္ေန႔မွာ ေထာက္ပံ့ေငြကို ဘန္ေကာက္ရွိ ခ်ဴလာဘြန္း ေဆး႐ံုမွာ ျပည္ထဲေရး အၿမဲတမ္း အတြင္းဝန္က နာရြန္ဆတ္ကို ေပးအပ္ပါတယ္။ ရရွိတဲ့ ေထာက္ပံ့ေငြနဲ႔ ေဆးဝါး၊ ရွာေဖြေရး အေထာက္အကူျပဳ ပစၥည္းေတြ ဝယ္ယူဖို႔ အသံုးျပဳမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ၊ ခ်င္း႐ိုင္ လိုဏ္ဂူထဲမွာ ပိတ္မိေပ်ာက္ဆံုးေနတာ ၄ ရက္ၾကာၿပီျဖစ္တဲ့ လူငယ္ ၁၃ ဦးကို ဆက္လက္ရွာေဖြေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

လိုဏ်ဂူမှာ ပိတ်မိနေသူတွေ ရှာဖွေရေးမှာ ထောက်ပံ့ဖို့ ထိုင်းမင်းသမီး ဘတ် ၅ သိန်း ထောက်ပံ့

ထိုင်းတော်ဝင် မင်းသမီး ချူလာဘွန်းက ချင်းရိုင် လိုဏ်ဂူမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို ရှာဖွေကယ်ဆယ်ရေးမှာ သုံးဖို့ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူး နာရွန်ဆတ် အိုဆော့တာနာကွန်းကို ထိုင်းဘတ်ငွေ ၅ သိန်း ထောက်ပံ့လိုက်ပါတယ်။

ဒီနေ့ ဇွန် ၂၇ ရက်နေ့မှာ ထောက်ပံ့ငွေကို ဘန်ကောက်ရှိ ချူလာဘွန်း ဆေးရုံမှာ ပြည်ထဲရေး အမြဲတမ်း အတွင်းဝန်က နာရွန်ဆတ်ကို ပေးအပ်ပါတယ်။ ရရှိတဲ့ ထောက်ပံ့ငွေနဲ့ ဆေးဝါး၊ ရှာဖွေရေး အထောက်အကူပြု ပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းရိုင် လိုဏ်ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေတာ ၄ ရက်ကြာပြီဖြစ်တဲ့ လူငယ် ၁၃ ဦးကို ဆက်လက်ရှာဖွေနေပါတယ်။