လိပ္ကြ်န္းလူသတ္မႈမွာ ျမန္မာႏွစ္ဦး အယူခံကို ထိုင္းဗဟို တရား႐ံုး ပယ္ခ်၊ ေသဒဏ္ အတည္ျပဳ

0
63

ထိုင္းႏိုင္ငံ ဗဟိုတရား႐ံုးက လိပ္ကြ်န္းလူသတ္မႈနဲ႔ ပတ္သက္လို႔ စြပ္စြဲခံရသူ ျမန္မာေရႊ႕ေျပာင္းလုပ္သား ႏွစ္ဦးရဲ႕ အယူခံကို ပယ္ခ်လိုက္ၿပီး ေသဒဏ္ကိုပဲ ဆက္လက္ အတည္ျပဳလိုက္ပါတယ္။

၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလက ၿဗိတိန္ ခရီးသြားစံုတြဲျဖစ္တဲ့ ေဒးဗစ္ ေမလာ (၂၄ ႏွစ္) နဲ႔ ဟန္နာ ဝစ္သာရစ္ဂ်္ (၂၃ ႏွစ္) တို႔ ခိုေတာင္ကြ်န္း ေခၚ လိပ္ကြ်န္းမွာ အသတ္ခံရမႈအတြက္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ေဇာ္လင္း (၂၆ ႏွစ္) နဲ႔ ေဝၿဖိဳး (၂၆ ႏွစ္) တို႔မွာ အျပစ္ရွိေၾကာင္း ေအာက္တရား႐ံုးက ဆံုးျဖတ္ခဲ့ပါတယ္။ ထြက္ဆိုခ်က္ထဲမွာ ျမန္မာႏွစ္ဦးဟာ ဝစ္သာရစ္ဂ်္ကို အဓမၼျပဳက်င့္တယ္လို႔လည္း ပါရွိပါတယ္။ ဗဟို တရား႐ံုး ဆံုးျဖတ္ခ်က္ကို ႏြန္သာဘူရီခ႐ိုင္တရား႐ံုးမွာ ဖတ္ျပခဲ့တာပါ။

ဒီအမႈနဲ႔ ပတ္သက္လို႔ ရဲေတြက လူစားထုိးတယ္၊ စံုစမ္းစစ္ေဆးသူေတြက မခိုင္လံုတဲ့ သက္ေသေတြ တင္ျပတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ေတာက္ေလွ်ာက္ ရင္ဆိုင္ခဲ့ရပါတယ္။ တျခား ခိုင္လံုတဲ့ ႐ုပ္ဝတၳဳသက္ေသနဲ႔ ထြက္ဆိုခ်က္ေတြ မရွိခဲ့ေပမယ့္ အသတ္ခံရသူ တစ္ဦးရဲ႕ မိုဘိုင္းဖုန္းကို ျမန္မာႏွစ္ဦးဆီမွာ ေတြ႔ရွိခဲ့တယ္လို႔ တရား႐ံုး ဆံုးျဖတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။ 

ေဇာ္လင္းနဲ႔ ေဝၿဖိဳးတို႔ကို အကူအညီေပးေနတဲ့ ေရွ႕ေနအဖြဲ႔ကလည္း ထိုင္းရဲေတြရဲ႕ DNA နမူနာ ယူမႈနဲ႔ ေသမႈေသခင္း အေထာက္အထား ရယူမႈေတြဟာ ႏိုင္ငံတကာ လုပ္ထံုးလုပ္နည္းေတြနဲ႔ မညီဘူးလို႔ မေန႔ ၾသဂုတ္လ ၂၈ ရက္ေန႔က သတင္းထုတ္ျပန္ထားပါတယ္။ ဗဟိုတရား႐ံုးက အယူခံကို ပယ္ခ်ခဲ့ေပမယ့္ ေသဒဏ္မေပးဖို႔အတြက္ ထိုင္းဘုရင္ႀကီးဆီကိုေတာ့ အနားခံစာ တင္ခြင့္ ရွိပါေသးတယ္။     

လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနှစ်ဦး အယူခံကို ထိုင်းဗဟို တရားရုံး ပယ်ချ၊ သေဒဏ် အတည်ပြု


ထိုင်းနိုင်ငံ ဗဟိုတရားရုံးက လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးရဲ့ အယူခံကို ပယ်ချလိုက်ပြီး သေဒဏ်ကိုပဲ ဆက်လက် အတည်ပြုလိုက်ပါတယ်။


၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဗြိတိန် ခရီးသွားစုံတွဲဖြစ်တဲ့ ဒေးဗစ် မေလာ (၂၄ နှစ်) နဲ့ ဟန်နာ ဝစ်သာရစ်ဂျ် (၂၃ နှစ်) တို့ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ အသတ်ခံရမှုအတွက် မြန်မာ ရွှေ့ပြောင်းလုပ်သား ဇော်လင်း (၂၆ နှစ်) နဲ့ ဝေဖြိုး (၂၆ နှစ်) တို့မှာ အပြစ်ရှိကြောင်း အောက်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ထွက်ဆိုချက်ထဲမှာ မြန်မာနှစ်ဦးဟာ ဝစ်သာရစ်ဂျ်ကို အဓမ္မပြုကျင့်တယ်လို့လည်း ပါရှိပါတယ်။ ဗဟို တရားရုံး ဆုံးဖြတ်ချက်ကို နွန်သာဘူရီခရိုင်တရားရုံးမှာ ဖတ်ပြခဲ့တာပါ။


ဒီအမှုနဲ့ ပတ်သက်လို့ ရဲတွေက လူစားထိုးတယ်၊ စုံစမ်းစစ်ဆေးသူတွေက မခိုင်လုံတဲ့ သက်သေတွေ တင်ပြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တောက်လျှောက် ရင်ဆိုင်ခဲ့ရပါတယ်။ တခြား ခိုင်လုံတဲ့ ရုပ်ဝတ္ထုသက်သေနဲ့ ထွက်ဆိုချက်တွေ မရှိခဲ့ပေမယ့် အသတ်ခံရသူ တစ်ဦးရဲ့ မိုဘိုင်းဖုန်းကို မြန်မာနှစ်ဦးဆီမှာ တွေ့ရှိခဲ့တယ်လို့ တရားရုံး ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ဇော်လင်းနဲ့ ဝေဖြိုးတို့ကို အကူအညီပေးနေတဲ့ ရှေ့နေအဖွဲ့ကလည်း ထိုင်းရဲတွေရဲ့ DNA နမူနာ ယူမှုနဲ့ သေမှုသေခင်း အထောက်အထား ရယူမှုတွေဟာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ မနေ့ သြဂုတ်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဗဟိုတရားရုံးက အယူခံကို ပယ်ချခဲ့ပေမယ့် သေဒဏ်မပေးဖို့အတွက် ထိုင်းဘုရင်ကြီးဆီကိုတော့ အနားခံစာ တင်ခွင့် ရှိပါသေးတယ်။