လိဒ္စ္ယူႏိုက္အသင္း ျမန္မာျပည္ ခရီးစဥ္ စတင္

0
615

ၿဗိတိန္အစိုးရက ခရီးမသြားဖို႔ အႀကံေပးေပမယ့္ ေဘာလံုးရာသီအၿပီး ခရီးစဥ္အျဖစ္ လိဒ္စ္ယူႏိုက္တက္ အသင္းဟာ မေန႔က ေမလ ၈ ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိလာပါတယ္။

အဂၤလိပ္ ခ်န္ပီယံအသင္းေဟာင္း လိဒ္စ္ယူႏိုက္တက္ အသင္းဟာ ဒီေန႔ ေမလ ၉ ရက္ေန႔မွာ MNL All Stars အသင္းနဲ႔ ရန္ကုန္ၿမိဳ႕ သုဝဏၰ အားကစားကြင္းမွာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ကစားမွာျဖစ္သလို ေမလ ၁၁ ရက္ေန႔မွာ မႏၱေလးၿမိဳ႕ မႏၱလာသီရိ ကြင္းမွာ ျမန္မာ့လက္ေရြးစင္ အသင္းနဲ႔ ေျခစြမ္းပြဲေတြ ကစားမွာျဖစ္ပါတယ္။

ရန္ကုန္နဲ႔ မႏၱေလးရွိ ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ေဘာလံုးအကယ္ဒမီေတြကိုလည္း သြားေရာက္မွာ ျဖစ္သလို ေရႊတိဂံုေစတီေတာ္၊ မႏၱေလးမဟာျမတ္မုနိတို႔ကိုလည္း သြားေရာက္ ဖူးေမွ်ာ္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲ ၂ ပြဲ လာကစားမယ့္ အဂၤလန္လိဂ္ ခ်န္ပီယံရွစ္ကလပ္ လိဒ္စ္ယူႏိုက္တက္ အသင္းမွာ ကစားသမား ၄ ဦး လိုက္ပါႏိုင္ျခင္း မရွိပါဘူး။ သူတို႔ကေတာ့ ပြန္တပ္ ဂ်န္ဆင္၊ အဒမ္ ေဖာ္ေရွာ၊ လီယမ္ ကူးပါးနဲ႔ ပါဘလို ဟာနန္ဒက္ဇ္တို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိဒ်စ်ယူနိုက်အသင်း မြန်မာပြည် ခရီစဉ် စတင်

ဗြိတိန်အစိုးရက ခရီးမသွားဖို့ အကြံပေးပေမယ့် ဘောလုံးရာသီအပြီး ခရီးစဉ်အဖြစ် လိဒ်စ်ယူနိုက်တက် အသင်းဟာ မနေ့က မေလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

အင်္ဂလိပ် ချန်ပီယံအသင်းဟောင်း လိဒ်စ်ယူနိုက်တက် အသင်းဟာ ဒီနေ့ မေလ ၉ ရက်နေ့မှာ MNL All Stars အသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမှာဖြစ်သလို မေလ ၁၁ ရက်နေ့မှာ မန္တလေးမြို့ မန္တလာသီရိ ကွင်းမှာ မြန်မာ့လက်ရွေးစင် အသင်းနဲ့ ခြေစွမ်းပွဲတွေ ကစားမှာဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘောလုံးအကယ်ဒမီတွေကိုလည်း သွားရောက်မှာ ဖြစ်သလို ရွှေတိဂုံစေတီတော်၊ မန္တလေးမဟာမြတ်မုနိတို့ကိုလည်း သွားရောက် ဖူးမျှော်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေး ခြေစမ်းပွဲ ၂ ပွဲ လာကစားမယ့် အင်္ဂလန်လိဂ် ချန်ပီယံရှစ်ကလပ် လိဒ်စ်ယူနိုက်တက် အသင်းမှာ ကစားသမား ၄ ဦး လိုက်ပါနိုင်ခြင်း မရှိပါဘူး။ သူတို့ကတော့ ပွန်တပ် ဂျန်ဆင်၊ အဒမ် ဖော်ရှော၊ လီယမ် ကူးပါးနဲ့ ပါဘလို ဟာနန်ဒက်ဇ်တို့ ဖြစ်ပါတယ်။