လိင္မုဆိုးလား ပြဲစားလား

0
414

ျမန္မာႏုိင္ငံမွာ မုဒိမ္းမႈ၊ သက္ငယ္မုဒိမ္းမႈ ျဖစ္ပြားတာေတြ ပုိမ်ားလာေနသလုိဘဲ ထုိင္းႏုိင္ငံမွာ အလုပ္သြားေရာက္လုပ္ကုိင္ေနတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမေတြၾကားမွာလည္း အဓမၼျပဳက်င့္ခံရမႈေတြ ရွိေနတာ မၾကာခဏ ၾကားသိရပါတယ္။

ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕အနီးတဝုိက္ ျမန္မာႏုိင္ငံသားေတြ ေနထုိင္ၾကတဲ့ေနရာမွာ တလကို (၁)ၾကိမ္ကေန (၃)ႀကိမ္ အထိ ျမန္မာအမ်ဳိးသမီးေတြ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ခံမႈေတြနဲ႔ မတရားျပဳက်င့္ခံေနရမႈေတြ ရွိေနတယ္လို႕ ဘန္ ေကာက္ၿမိဳ႕က အလုပ္သမားအေရးေဆာင္ရြက္ေနတဲ့ ေရြ႕ေျပာင္းအလုပ္သမားမဟာမိတ္အဖဲြ႕(AAC)မွ ကုိရဲမင္းက ေျပာပါတယ္။

“ျမန္မာမိန္းကေလးေတြကုိ ျမန္မာအခ်င္းခ်င္း မုဒိမ္းက်င့္ေစာ္ကားတာရွိတယ္။ ၿပီးေတာ့ ထုိင္းေတြလည္း ကားေပၚအတင္း ေခၚတင္သြားတာေတြ၊ အတင္းအဓမၼအခန္းထဲ၀င္လာျပီး မုဒိမ္းက်င့္တာေတြလည္း ျဖစ္ပြားတတ္တယ္လို႔ ကိုရဲမင္းက ေျပာ ဆိုပါတယ္။ “(၇)ႏွစ္အရြယ္ ျမန္မာမိန္းကေလးကုိ မိဘေတြ မရွိတဲ့အခ်ိန္ အသက္(၄၀)ေက်ာ္ ျမန္မာအလုပ္သမား တေယာက္က မုဒိမ္းက်င့္သြားတယ္။ အဲဒီအမႈက အခုထိ ဆက္လက္ရင္ဆုိင္ေနတုန္းဘဲ” လုိ႔ ကုိရဲမင္းက လြန္ခဲ့(၂)လက အျဖစ္အပ်က္တခုကို ေျပာျပပါတယ္။

ျပီးခဲ့မတ္လ (၂၈)ရက္၊ ညသန္းေခါင္ယံခ်ိန္မွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမတခ်ဳိ႕ကုိ ႏိုင္ငံကူးလက္မွတ္၊ စီအုိင္(CI)လို႔ေခၚတဲ့ မိမိမည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ သက္တမ္းတုိးေပးမယ္လုိ႔ လိမ္ညာၿပီး လိင္ပုိင္းဆုိင္ရာ အဓမၼ ျပဳက်င့္ခဲ့သူ ျမန္မာပြဲစား သန္းေဇာ္(ခ)ေအာင္မ်ဳိးမင္း(ခ)ရွမ္းေလးကုိ ဘန္ေကာက္ၿမိဳ႕ မဟာခ်ဳိင္နယ္ေျမ၊ ႏိုင္ငံကူးလက္ မွတ္၊ စီအုိင္(CI)လုပ္ေပးတဲ့ စင္တာ(၁)ေဘးက တည္းခုိခန္းမွာ AAC အကူအညီနဲ႕ ထိုင္းရဲေတြက ဖမ္းဆီးထိန္းသိမ္းႏုိင္ခဲ့ပါတယ္။

ႏိုင္ငံကူးလက္မွတ္ (CI) စာအုပ္ယူဖို႔ စင္တာ(၁)ကုိ လာခဲ့ပါလို႔ ခ်ိန္းဆုိၿပီး စာအုပ္လုိခ်င္ရင္ တည္းခုိခန္းမွာ သူနဲ႔အတူ အိပ္ရမယ္လုိ႔ ျခိမ္းေျခာက္ခံခဲ့ရတဲ့ တနသာၤရီတုိင္း၊ ထားဝယ္သူ အသက္(၁၉)ႏွစ္အရြယ္ နန္းေအးစံနဲ႔ လြန္ခဲ့တဲ့ (၃)ရက္က သူ ဒီလိုအၾကပ္ကိုင္ျပီး အဓမၼျပဳက်င့္ခဲ့တဲ့ အသက္ (၂၂) ႏွစ္အရြယ္ ျမန္မာမိန္းကေလးတဦးတို႔ရဲ႕ သက္ေသထြက္ဆုိခ်က္ေတြ နဲ႔ ေအာင္မ်ဳိးမင္းကို ဖမ္းဆီးႏုိင္ခဲ့တာျဖစ္ပါတယ္။

“သမီးမွာ စာအုပ္သက္တမ္းကုန္ေတာ့မွာမို႔လုိ႔ သက္တမ္းတုိးရမယ္။ သူ႕ကို စာအုပ္သက္တမ္းတုိးေပးဖို႕ သမီးက သြားေပးတယ္။ က်န္တဲ႔ရက္ေတြကလည္း သူေခၚေနတယ္။ ဒါေပမဲ့ သမီးက မသြားခဲ့ဘူး။ အဲဒီညေတာ့ ၾကာေနၿပီဆုိေတာ့ စာအုပ္ ရမယ္ထင္လုိ႔ သြားခဲ့တယ္။ အဲဒါကုိ သူက သူ႔အခန္းကုိ မသြားေတာ့ဘူး။ သမီးကုိ ယူမလားလုိ႔ေမးတယ္။ သမီးက မယူ ဘူးလုိ႔ေျပာတယ္။ သမီးက မအိပ္ဘူး။ ဘာမွမျဖစ္ဘူး။ ဟုိတေယာက္က ေရွာင္မရဘဲ မိသြားတယ္။ သူနဲ႔ျဖစ္သြား တယ္” လို႔ နန္းစံေအးက ေျပာပါတယ္။

နန္းစံေအးကုိ ထုိင္းရဲေတြက စစ္ေဆးေမးျမန္းခဲ့တဲ့ေနာက္ ေဆးစစ္မႈျပဳလုပ္ခဲ့ၿပီး ေဆးစစ္မႈေအာင္ခဲ့ေပမဲ့ အဓမၼျပဳက်င့္ခံခဲ့ရ မိန္းကေလးကုိေတာ့ ေဆးစစ္ခ်က္ေတြ ယူေနတုန္းဘဲလုိ႕ ေျပာပါတယ္။
“ပုလိပ္က ေျပာတယ္။ သူနဲ႔အိပ္ထားသည္ျဖစ္ေစ၊ မအိပ္ထားသည္ျဖစ္ေစ။ ေဆးသြားစစ္ပါလုိ႔ေျပာလုိ႔ ေဆးသြားစစ္တာ။ အဲဒါ သမီးက ဘာမွမျဖစ္လုိ႕ ဘာမွမေပၚဘူး။ ဒီေကာင္နဲ႔ ျဖစ္ထားလား၊ မျဖစ္ထားဘူးလားေပါ့ေနာ္။ အပ်ဳိလား၊ အအုိလား လုိ႕ စစ္တာ” လုိ႕နန္းစံေအးက ေျပာပါတယ္။

ေအာင္မ်ဳိးမင္းဆုိသူကုိ လတ္တေလာ မဟာခ်ဳိင္ ရဲစခန္းအခ်ဳပ္မွာ ဖမ္းဆီးထိန္းသိမ္းထားကာ အမ်ိဳးသမီးမ်ားကို မဖြယ္မရာ လုပ္မႈ၊ မုဒိမ္းမႈတုိ႕နဲ႔ အမႈဖြင့္တုိင္ၾကားထားတယ္လုိ႔ဆုိပါတယ္။
ေအာင္မ်ဳိးမင္းဟာ မဟာခ်ဳိင္ရဲစခန္းမွာ စကားျပန္လုပ္ေနသူျဖစ္ၿပီး ထုိင္းရဲေတြက ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အတြက္ အမႈတည္ေဆာက္ဖို႕ ခက္ခဲေနၿပီး ျခိမ္းေျခာက္ခံရမႈေတြလည္း ရွိေနတယ္လို႔ ကုိရဲမင္းက ေျပာပါတယ္။

“ဒီရက္ပုိင္းမွာ ဖမ္းလုိက္တဲ့အမႈဆုိရင္ တရားခံက ထုိင္းရဲရဲ႕ တပည့္ျဖစ္ေနတယ္။ အဲဒါေၾကာင့္ ရဲေတြက ၀ုိင္းကာကြယ္ေပး ေနလို႕ အမႈတည္ေဆာက္ဖုိ႕ အရမ္းခက္ခဲေနတယ္။ က်ေနာ္တို႔အတြက္ ဖိအားေတြျဖစ္ၿပီးေတာ့ အခုေနာက္ဆံုး ဒီေကာင္ ေတြက ရဲတပည့္ေတြ ျဖစ္တဲ့အတြက္ ပုလိပ္စကားျပန္ေတြ၊ ပုလိပ္တပည့္ေတြေပါ့။ ရွင္းရွင္းေျပာရရင္ သစၥာေဖာက္ေကာင္ ေတြဆုိေတာ့ ကၽြန္ေတာ္တို႔ကုိ ဝုိင္းဖိအားေပး ျခိမ္းေျခာက္တာေတြ ရွိတယ္ေပါ့ေနာ္” လုိ႕သူက ေျပာပါတယ္။

ဒီလိုအမႈေတြကုိ အလုပ္သမားအေရး ေဆာင္ရြက္ေနသူေတြဘက္က တုိင္ခ်က္ဖြင့္ပါကလည္း ထိုင္းရဲမ်ားအေနနဲ႕ ခ်က္ခ်င္း ျပတ္ျပတ္သားသား အေရးယူေဆာင္ရြက္ေပးတာေတြ အားနည္းေနေသးၿပီး ျမန္မာသံရံုးဘက္မွလည္း ထိထိေရာက္ေရာက္ ကူညီေဆာင္ရြက္မႈေတြ မရွိေသးဘူးလုိ႔ ကုိရဲမင္းက ဆုိပါတယ္။
အလုပ္သမားအေရးနဲ႔ ပတ္သက္လုိ႕ ျမန္မာသံရံုးအေနနဲ႔ အကူအညီေပးမႈေတြရွိေပမဲ့ လတ္တေလာ ျမန္မာပြဲစားတဦးက အမ်ဳိးသမီးေတြကုိ အဓမၼျပဳက်င့္လုိ႕ ဖမ္းဆီးအေရးယူထားတဲ့ကိစၥနဲ႔ ပတ္သက္လုိ႔ ျမန္မာအလုပ္သမားသံရံုးမွ ဝင္ေရာက္ ကူညီေပးတာေတာ့ မရွိေသးဘူးလို႕ အလုပ္သမားသံအရာရွိ ဦးမင္းႏုိင္သူကလည္း ေျပာပါတယ္။

“အမ်ဳိးသမီးအေရးရယ္လို႕မဟုတ္ဘူးေပါ့ေနာ္။ က်ေနာ္တုိ႔က အလုပ္ကိစၥအကုန္လံုး သက္ဆုိင္ရာအဖြဲ႔အစည္းေတြကုိ ခ်ဥ္း ကပ္ၿပီး ကူညီေပးတာေတြရွိပါတယ္။ ဒီလုိ အမ်ဳိးသမီးေတြကုိ အဓမၼျပဳက်င့္ခံရလုိ႕ အမႈဖြင့္တာ၊ တရားခံကုိ စစ္ေဆး အေရး ယူတာတုိ႕ လုပ္ေနတာေတြလည္း ရွိပါတယ္။ အခုကိစၥကုိေတာ့ က်ေနာ္တုိ႕အေနနဲ႔ ေလာေလာဆယ္ပါဝင္ၿပီးေတာ့ လုပ္ ေပးေနတာမရွိပါဘူး”လုိ႕ သူက ေျပာပါတယ္။
ေရႊ႕ေျပာင္းအလုပ္သမားေတြၾကားမွာလည္း အမ်ဳိးသမီးေတြသာမက အမ်ဳိးသားေတြပါ ပြဲစားေတြရဲ႕ အျမတ္ထုတ္တာေတြ၊ ခုတံုးလုပ္တာေတြ၊ မတရားမႈေတြက ေနရာအႏွံ႔ျဖစ္ပြားေနတယ္လုိ႔ ေရႊ႕ေျပာင္းအလုပ္သမားအခြင့္အေရးကြန္ရက္ (MW RN) မွ ဒုဥကၠဌ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

ေရႊ႕ေျပာင္းအလုပ္သမားေတြ မွတ္ပံုတင္တာနဲ႔ ဗီဇာသက္တမ္းတုိးတာေတြကုိ ေဖေဖာ္ဝါရီလ(၅)ရက္ေန႔က စတင္လုပ္ ေဆာင္ေပးခဲ့ၿပီး မတ္လ(၃၁)ရက္ေန႕ကို ေနာက္ဆံုးေန႔အျဖစ္ သတ္မွတ္ထားတာေၾကာင့္ အလုပ္သမားမ်ား မွတ္ပံုတင္စာ ရင္းေပးသြင္းမယ့္ရက္ ကုန္ဆံုးခါနီးမွာ သက္တမ္းတိုးေပးတဲ့ စင္တာေတြနေဘးက လမ္းေဘးေတြမွာ ႏွစ္ညအိပ္၊ သံုးည အိပ္အထိ ညပါအိပ္ေစာင့္ခဲ့ရတဲ့အခက္အခဲေတြေၾကာင့္ အခုလုိျပႆနာေတြ ပုိျဖစ္လာတာျဖစ္တယ္လုိ႕ သူကဆုိပါတယ္။

“သူတို႔ဗီဇာတုိးလို႕မရရင္ ထိုင္းႏိုင္ငံကေန ထြက္ခြာရမယ္ဆုိျပီး ေၾကာက္လန္႔ေနၾကတာေပါ့။ အကယ္၍ ဗီဇာသက္တမ္း ထပ္မတုိးေပးဘူးဆုိရင္ သူ႔ႏုိင္ငံရဲ႕ ဥပေဒအရ ဖမ္းတာဆီးတာ ခံရမွာက အလုပ္သမားေတြပါဘဲ။ ႏွစ္ႏိုင္ငံအစုိးရက ဘယ္လုိထိန္းခ်ဳပ္မလဲ။ လုပ္ငန္းရွင္ေတြ ဘယ္လုိပူးေပါင္းေတာင္းဆုိမလဲဆုိတာဘဲ က်ေနာ္တို႔ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္” လုိ႕ ဦးေအာင္ေက်ာ္က ဆက္ေျပာပါတယ္။

ဒီႏွစ္အတြင္း မဟာခ်ိဳင္ Big C ကုန္တိုက္အေနာက္ဘက္မွာ ပြဲစားတဦးက မုဒိမ္းက်င့္သြားမႈ အပါအ၀င္ မုဒိမ္းမႈ(၁၀)မႈခန္႔ ရွိျပီး ဖမ္းဆီးႏုိင္ျခင္း မရွိေသးေၾကာင္းနဲ႕ ေလာေလာဆယ္လည္း (၃)မႈခန္႔ရွိေနတယ္လို႕ AAC မွတာဝန္ခံတဦးျဖစ္သူ ကုိေန လင္းသူကလည္း ျဖည့္စြက္ေျပာဆုိပါတယ္။

ထုိင္းႏိုင္ငံေရာက္ အလုပ္သမေတြကုိ အဓမၼျပဳက်င့္ေနသူေတြကုိ ထိထိေရာက္ေရာက္ အျပစ္ေပးေစလုိၿပီး သက္ငယ္မုဒိမ္း မႈကို ေသဒဏ္ေပးတာလည္း ေထာက္ခံတယ္လို႕ ကုိေနလင္းသူက ေျပာပါတယ္။
“သက္ငယ္မုဒိမ္းကေတာ့ တအားရုပ္ပ်က္တယ္။ က်ေနာ္တုိ႕လည္းကန္႔ကြက္ပါတယ္။ ျမန္မာျပည္မွာေတာ့ ေသဒဏ္ခ်မယ္ လုိ႕ေျပာတာဘဲ။ ဒါေပမဲ့ လက္ေတြ႔အေကာင္အထည္ ေဖာ္ႏိုင္မလားေတာ့ မသိဘူး။ သက္ငယ္မုဒိမ္းမႈကုိေတာ့ ေသဒဏ္ ေပးေစခ်င္တယ္။ ဘာလုိ႕လည္းဆိုေတာ့ အဲဒါမွ ေနာက္ေနာင္ ဒီလုိမ်ဳိးေတြ ဆင္ျခင္သြားမယ္” လုိ႔ ကုိေနလင္းသူက ေျပာပါ တယ္။

ထုိင္းႏုိင္ငံမွာ ၂၀၁၇ ခုႏွစ္က ထိုင္းက်န္းမာေရးဝန္ႀကီးဌာနအဆိုအရ အမ်ဳိးသမီးေတြဟာ (၁၅) မိနစ္မွာ (၁)ႀကိမ္ႏႈန္း မုဒိမ္း က်င့္ခံေနရၿပီး မုဒိမ္းမႈက်ဴးလြန္ခံရသူ အမ်ဳိးသမီး(၃)ေသာင္းေက်ာ္ရွိခဲ့ကာ (၆၀)ရာခုိင္ႏႈန္းဟာ တကၠသုိလ္နဲ႔ အေျခခံ ပညာ သင္ေက်ာင္းသူေတြ ျဖစ္ၾကတယ္လို႕သိရပါတယ္။ မုဒိမ္းမႈက်ဴးလြန္သူေတြဟာ အရက္ေသာက္သံုးမႈေၾကာင့္ အဓိက ျဖစ္ တယ္လုိ႕ အမ်ဳိးသမီး၊ အမ်ဳိးသား တုိးတက္ေရး လႈပ္ရွားမႈေဖာင္ေဒးရွင္း(the Women and Men Progressive Movement Foundation (WMP) တည္ေထာင္သူတဦးျဖစ္တဲ့ Supansri Puengkhokesoong က ထုိင္းႏုိင္ငံအတြင္း လိင္မႈေရးရာ အၾကမ္း ဖက္ျခင္းဖုိရမ္တခုမွာေျပာဆုိထားတယ္လုိ႕ ထုိင္းသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

AAC ကုိ လာတုိင္တဲ့ မုဒိမ္းမႈအမ်ားအျပားရွိေပမဲ့ တခ်ဳိ႕မိန္းကေလးငယ္ေတြကေတာ့ ရွက္ေၾကာက္လုိ႔ အမႈတုိင္ၾကားတာ မလုပ္တဲ့အတြက္ ေပ်ာက္သြားတဲ့အမႈေတြလည္း ရွိပါတယ္။ ဒီလိုအမႈေတြကို ထိထိေရာက္ေရာက္ကူညီေပးတဲ့ အဖြဲ႔အစည္း ေတြလည္း အားနည္းေနေသးတယ္လုိ႕ ကိုေနလင္းက ဆိုပါတယ္။ “ဒီလုိအက်င့္ပ်က္တဲ့ ပြဲစားေတြရွိေနေတာ့ က်ေနာ္တုိ႕ ျမန္မာအမ်ဳိးသမီးေတြ တအားဒုကၡေရာက္တယ္။ သူတုိ႕က မိန္းကေလးအမ်ားႀကီးကို အစီအစဥ္နဲ႕ဖ်က္ဆီးေနမယ္ဆုိရင္ က်ေနာ္တို႕ကလည္း လက္ပုိက္ၾကည့္မေနႏိုင္ဘူးေလ” လို႕ ကိုေနလင္းသူက ျပတ္ျပတ္သားသားေျပာဆိုပါတယ္။

ရဲစကားျပန္၊ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးေပးတဲ့ ပြဲစားေအာင္မ်ိဳးမင္းဟာ မိန္းကေလးအေတာ္မ်ားမ်ားကို မုဒိမ္းက်င့္ခဲ့ သူလို႕သိရျပီး သူမုဒိမ္းက်င့္ခံရတဲ့ မိန္းကေလးမ်ားဟာ AIDS အပါအ၀င္ လိင္ကတဆင့္ကူးစက္တဲ့ ေရာဂါေတြ ရရွိမွာကို စိုးရိမ္ေနၾကတယ္လို႕ နန္းစံေအးက ဆိုပါတယ္။

“ ဗုိက္ၾကီးတာက ကေလးေမြးလိုက္လုိ႕ရတယ္။ ဒါေပမဲ့ အဓိကေၾကာက္တာက သူ႔မွာ ပုိးရွိမွာ ေၾကာက္လို႕၊ ေရာဂါဝင္သြား ရင္ ဘာမွလုပ္လို႔ မရေတာ့ဘူးေလ။ ဒီမိန္းကေလးဘဝက အရႈံုုးဘဲ။ အဲဒါကုိ သနားတယ္။ မိန္းကေလးေတြ ဘဝမပ်က္စီး ေစခ်င္ဘူး။ အဲဒါေၾကာင့္ ခံရသူေတြကို ကုိယ္ခ်င္းစာတယ္။ ဒီလူကုိ သမီးတုိ႔ေနရာမွာ သူ႔ညီမသာ ျဖစ္တယ္ဆုိရင္ သူဘယ္ လုိ ခံစားရမလဲ။ ခံစားၾကည့္ေစခ်င္တယ္” ဆိုတဲ့ နန္းစံေအးရဲ႕ စကားသံဟာ ထိုင္းႏိုင္ငံေရာက္ ျမန္မာေရြ႕ေျပာင္း အလုပ္ သမား အမ်ိဳးသမီးမ်ားရဲ႕ ဘ၀ကို တစိတ္တပိုင္းထင္ဟပ္လို႕ေနပါေတာ့တယ္။

လုဆုိင္း

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာတွေ ပိုများလာနေသလိုဘဲ ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမတွေကြားမှာလည်း အဓမ္မပြုကျင့်ခံရမှုတွေ ရှိနေတာ မကြာခဏ ကြားသိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးတဝိုက် မြန်မာနိုင်ငံသားတွေ နေထိုင်ကြတဲ့နေရာမှာ တလကို (၁)ကြိမ်ကနေ (၃)ကြိမ် အထိ မြန်မာအမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံမှုတွေနဲ့ မတရားပြုကျင့်ခံနေရမှုတွေ ရှိနေတယ်လို့ ဘန် ကောက်မြို့က အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရွေ့ပြောင်းအလုပ်သမားမဟာမိတ်အဖွဲ့(AAC)မှ ကိုရဲမင်းက ပြောပါ တယ်။

“မြန်မာမိန်းကလေးတွေကို မြန်မာအချင်းချင်း မုဒိမ်းကျင့်စော်ကားတာရှိတယ်။ ပြီးတော့ ထိုင်းတွေလည်း ကားပေါ်အတင်း ခေါ်တင်သွားတာတွေ၊ အတင်းအဓမ္မအခန်းထဲဝင်လာပြီး မုဒိမ်းကျင့်တာတွေလည်း ဖြစ်ပွားတတ်တယ်လို့ ကိုရဲမင်းက ပြော ဆိုပါတယ်။ “(၇)နှစ်အရွယ် မြန်မာမိန်းကလေးကို မိဘတွေ မရှိတဲ့အချိန် အသက်(၄၀)ကျော် မြန်မာအလုပ်သမား တယောက်က မုဒိမ်းကျင့်သွားတယ်။ အဲဒီအမှုက အခုထိ ဆက်လက်ရင်ဆိုင်နေတုန်းဘဲ” လို့ ကိုရဲမင်းက လွန်ခဲ့(၂)လက အဖြစ်အပျက်တခုကို ပြောပြပါတယ်။

ပြီးခဲ့မတ်လ (၂၈)ရက်၊ ညသန်းခေါင်ယံချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမတချို့ကို နိုင်ငံကူးလက်မှတ်၊ စီအိုင်(CI)လို့ခေါ်တဲ့ မိမိမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သက်တမ်းတိုးပေးမယ်လို့ လိမ်ညာပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခဲ့သူ မြန်မာပွဲစား သန်းဇော်(ခ)အောင်မျိုးမင်း(ခ)ရှမ်းလေးကို ဘန်ကောက်မြို့ မဟာချိုင်နယ်မြေ၊ နိုင်ငံကူးလက် မှတ်၊ စီအိုင်(CI)လုပ်ပေးတဲ့ စင်တာ(၁)ဘေးက တည်းခိုခန်းမှာ AAC အကူအညီနဲ့ ထိုင်းရဲတွေက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ် (CI) စာအုပ်ယူဖို့ စင်တာ(၁)ကို လာခဲ့ပါလို့ ချိန်းဆိုပြီး စာအုပ်လိုချင်ရင် တည်းခိုခန်းမှာ သူနဲ့အတူ အိပ်ရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်သူ အသက်(၁၉)နှစ်အရွယ် နန်းအေးစံနဲ့ လွန်ခဲ့တဲ့ (၃)ရက်က သူ ဒီလိုအကြပ်ကိုင်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အသက် (၂၂) နှစ်အရွယ် မြန်မာမိန်းကလေးတဦးတို့ရဲ့ သက်သေထွက်ဆိုချက်တွေ နဲ့ အောင်မျိုးမင်းကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

“သမီးမှာ စာအုပ်သက်တမ်းကုန်တော့မှာမို့လို့ သက်တမ်းတိုးရမယ်။ သူ့ကို စာအုပ်သက်တမ်းတိုးပေးဖို့ သမီးက သွားပေးတယ်။ ကျန်တဲ့ရက်တွေကလည်း သူခေါ်နေတယ်။ ဒါပေမဲ့ သမီးက မသွားခဲ့ဘူး။ အဲဒီညတော့ ကြာနေပြီဆိုတော့ စာအုပ် ရမယ်ထင်လို့ သွားခဲ့တယ်။ အဲဒါကို သူက သူ့အခန်းကို မသွားတော့ဘူး။ သမီးကို ယူမလားလို့မေးတယ်။ သမီးက မယူ ဘူးလို့ပြောတယ်။ သမီးက မအိပ်ဘူး။ ဘာမှမဖြစ်ဘူး။ ဟိုတယောက်က ရှောင်မရဘဲ မိသွားတယ်။ သူနဲ့ဖြစ်သွား တယ်” လို့ နန်းစံအေးက ပြောပါတယ်။

နန်းစံအေးကို ထိုင်းရဲတွေက စစ်ဆေးမေးမြန်းခဲ့တဲ့နောက် ဆေးစစ်မှုပြုလုပ်ခဲ့ပြီး ဆေးစစ်မှုအောင်ခဲ့ပေမဲ့ အဓမ္မပြုကျင့်ခံခဲ့ရ မိန်းကလေးကိုတော့ ဆေးစစ်ချက်တွေ ယူနေတုန်းဘဲလို့ ပြောပါတယ်။
“ပုလိပ်က ပြောတယ်။ သူနဲ့အိပ်ထားသည်ဖြစ်စေ၊ မအိပ်ထားသည်ဖြစ်စေ။ ဆေးသွားစစ်ပါလို့ပြောလို့ ဆေးသွားစစ်တာ။ အဲဒါ သမီးက ဘာမှမဖြစ်လို့ ဘာမှမပေါ်ဘူး။ ဒီကောင်နဲ့ ဖြစ်ထားလား၊ မဖြစ်ထားဘူးလားပေါ့နော်။ အပျိုလား၊ အအိုလား လို့ စစ်တာ” လို့နန်းစံအေးက ပြောပါတယ်။

အောင်မျိုးမင်းဆိုသူကို လတ်တလော မဟာချိုင် ရဲစခန်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားကာ အမျိုးသမီးများကို မဖွယ်မရာ လုပ်မှု၊ မုဒိမ်းမှုတို့နဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့ဆိုပါတယ်။
အောင်မျိုးမင်းဟာ မဟာချိုင်ရဲစခန်းမှာ စကားပြန်လုပ်နေသူဖြစ်ပြီး ထိုင်းရဲတွေက ကျောထောက်နောက်ခံပြုထားတဲ့ အတွက် အမှုတည်ဆောက်ဖို့ ခက်ခဲနေပြီး ခြိမ်းခြောက်ခံရမှုတွေလည်း ရှိနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

“ဒီရက်ပိုင်းမှာ ဖမ်းလိုက်တဲ့အမှုဆိုရင် တရားခံက ထိုင်းရဲရဲ့ တပည့်ဖြစ်နေတယ်။ အဲဒါကြောင့် ရဲတွေက ဝိုင်းကာကွယ်ပေး နေလို့ အမှုတည်ဆောက်ဖို့ အရမ်းခက်ခဲနေတယ်။ ကျနော်တို့အတွက် ဖိအားတွေဖြစ်ပြီးတော့ အခုနောက်ဆုံး ဒီကောင် တွေက ရဲတပည့်တွေ ဖြစ်တဲ့အတွက် ပုလိပ်စကားပြန်တွေ၊ ပုလိပ်တပည့်တွေပေါ့။ ရှင်းရှင်းပြောရရင် သစ္စာဖောက်ကောင် တွေဆိုတော့ ကျွန်တော်တို့ကို ဝိုင်းဖိအားပေး ခြိမ်းခြောက်တာတွေ ရှိတယ်ပေါ့နော်” လို့သူက ပြောပါတယ်။

ဒီလိုအမှုတွေကို အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဘက်က တိုင်ချက်ဖွင့်ပါကလည်း ထိုင်းရဲများအနေနဲ့ ချက်ချင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးတာတွေ အားနည်းနေသေးပြီး မြန်မာသံရုံးဘက်မှလည်း ထိထိရောက်ရောက် ကူညီဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ ကိုရဲမင်းက ဆိုပါတယ်။
အလုပ်သမားအရေးနဲ့ ပတ်သက်လို့ မြန်မာသံရုံးအနေနဲ့ အကူအညီပေးမှုတွေရှိပေမဲ့ လတ်တလော မြန်မာပွဲစားတဦးက အမျိုးသမီးတွေကို အဓမ္မပြုကျင့်လို့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားသံရုံးမှ ဝင်ရောက် ကူညီပေးတာတော့ မရှိသေးဘူးလို့ အလုပ်သမားသံအရာရှိ ဦးမင်းနိုင်သူကလည်း ပြောပါတယ်။

“အမျိုးသမီးအရေးရယ်လို့မဟုတ်ဘူးပေါ့နော်။ ကျနော်တို့က အလုပ်ကိစ္စအကုန်လုံး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ချဉ်း ကပ်ပြီး ကူညီပေးတာတွေရှိပါတယ်။ ဒီလို အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခံရလို့ အမှုဖွင့်တာ၊ တရားခံကို စစ်ဆေး အရေး ယူတာတို့ လုပ်နေတာတွေလည်း ရှိပါတယ်။ အခုကိစ္စကိုတော့ ကျနော်တို့အနေနဲ့ လောလောဆယ်ပါဝင်ပြီးတော့ လုပ် ပေးနေတာမရှိပါဘူး”လို့ သူက ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလည်း အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ပွဲစားတွေရဲ့ အမြတ်ထုတ်တာတွေ၊ ခုတုံးလုပ်တာတွေ၊ မတရားမှုတွေက နေရာအနှံ့ဖြစ်ပွားနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MW RN) မှ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်တာနဲ့ ဗီဇာသက်တမ်းတိုးတာတွေကို ဖေဖော်ဝါရီလ(၅)ရက်နေ့က စတင်လုပ် ဆောင်ပေးခဲ့ပြီး မတ်လ(၃၁)ရက်နေ့ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတာကြောင့် အလုပ်သမားများ မှတ်ပုံတင်စာ ရင်းပေးသွင်းမယ့်ရက် ကုန်ဆုံးခါနီးမှာ သက်တမ်းတိုးပေးတဲ့ စင်တာတွေနဘေးက လမ်းဘေးတွေမှာ နှစ်ညအိပ်၊ သုံးည အိပ်အထိ ညပါအိပ်စောင့်ခဲ့ရတဲ့အခက်အခဲတွေကြောင့် အခုလိုပြဿနာတွေ ပိုဖြစ်လာတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“သူတို့ဗီဇာတိုးလို့မရရင် ထိုင်းနိုင်ငံကနေ ထွက်ခွာရမယ်ဆိုပြီး ကြောက်လန့်နေကြတာပေါ့။ အကယ်၍ ဗီဇာသက်တမ်း ထပ်မတိုးပေးဘူးဆိုရင် သူ့နိုင်ငံရဲ့ ဥပဒေအရ ဖမ်းတာဆီးတာ ခံရမှာက အလုပ်သမားတွေပါဘဲ။ နှစ်နိုင်ငံအစိုးရက ဘယ်လိုထိန်းချုပ်မလဲ။ လုပ်ငန်းရှင်တွေ ဘယ်လိုပူးပေါင်းတောင်းဆိုမလဲဆိုတာဘဲ ကျနော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်” လို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။

ဒီနှစ်အတွင်း မဟာချိုင် Big C ကုန်တိုက်အနောက်ဘက်မှာ ပွဲစားတဦးက မုဒိမ်းကျင့်သွားမှု အပါအဝင် မုဒိမ်းမှု(၁၀)မှုခန့် ရှိပြီး ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနဲ့ လောလောဆယ်လည်း (၃)မှုခန့်ရှိနေတယ်လို့ AAC မှတာဝန်ခံတဦးဖြစ်သူ ကိုနေ လင်းသူကလည်း ဖြည့်စွက်ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရောက် အလုပ်သမတွေကို အဓမ္မပြုကျင့်နေသူတွေကို ထိထိရောက်ရောက် အပြစ်ပေးစေလိုပြီး သက်ငယ်မုဒိမ်း မှုကို သေဒဏ်ပေးတာလည်း ထောက်ခံတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။
“သက်ငယ်မုဒိမ်းကတော့ တအားရုပ်ပျက်တယ်။ ကျနော်တို့လည်းကန့်ကွက်ပါတယ်။ မြန်မာပြည်မှာတော့ သေဒဏ်ချမယ် လို့ပြောတာဘဲ။ ဒါပေမဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်မလားတော့ မသိဘူး။ သက်ငယ်မုဒိမ်းမှုကိုတော့ သေဒဏ် ပေးစေချင်တယ်။ ဘာလို့လည်းဆိုတော့ အဲဒါမှ နောက်နောင် ဒီလိုမျိုးတွေ ဆင်ခြင်သွားမယ်” လို့ ကိုနေလင်းသူက ပြောပါ တယ်။

ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ထိုင်းကျန်းမာရေးဝန်ကြီးဌာနအဆိုအရ အမျိုးသမီးတွေဟာ (၁၅) မိနစ်မှာ (၁)ကြိမ်နှုန်း မုဒိမ်း ကျင့်ခံနေရပြီး မုဒိမ်းမှုကျူးလွန်ခံရသူ အမျိုးသမီး(၃)သောင်းကျော်ရှိခဲ့ကာ (၆၀)ရာခိုင်နှုန်းဟာ တက္ကသိုလ်နဲ့ အခြေခံ ပညာ သင်ကျောင်းသူတွေ ဖြစ်ကြတယ်လို့သိရပါတယ်။ မုဒိမ်းမှုကျူးလွန်သူတွေဟာ အရက်သောက်သုံးမှုကြောင့် အဓိက ဖြစ် တယ်လို့ အမျိုးသမီး၊ အမျိုးသား တိုးတက်ရေး လှုပ်ရှားမှုဖောင်ဒေးရှင်း(the Women and Men Progressive Movement Foundation (WMP) တည်ထောင်သူတဦးဖြစ်တဲ့ Supansri Puengkhokesoong က ထိုင်းနိုင်ငံအတွင်း လိင်မှုရေးရာ အကြမ်း ဖက်ခြင်းဖိုရမ်တခုမှာပြောဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

AAC ကို လာတိုင်တဲ့ မုဒိမ်းမှုအများအပြားရှိပေမဲ့ တချို့မိန်းကလေးငယ်တွေကတော့ ရှက်ကြောက်လို့ အမှုတိုင်ကြားတာ မလုပ်တဲ့အတွက် ပျောက်သွားတဲ့အမှုတွေလည်း ရှိပါတယ်။ ဒီလိုအမှုတွေကို ထိထိရောက်ရောက်ကူညီပေးတဲ့ အဖွဲ့အစည်း တွေလည်း အားနည်းနေသေးတယ်လို့ ကိုနေလင်းက ဆိုပါတယ်။ “ဒီလိုအကျင့်ပျက်တဲ့ ပွဲစားတွေရှိနေတော့ ကျနော်တို့ မြန်မာအမျိုးသမီးတွေ တအားဒုက္ခရောက်တယ်။ သူတို့က မိန်းကလေးအများကြီးကို အစီအစဉ်နဲ့ဖျက်ဆီးနေမယ်ဆိုရင် ကျနော်တို့ကလည်း လက်ပိုက်ကြည့်မနေနိုင်ဘူးလေ” လို့ ကိုနေလင်းသူက ပြတ်ပြတ်သားသားပြောဆိုပါတယ်။

ရဲစကားပြန်၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတဲ့ ပွဲစားအောင်မျိုးမင်းဟာ မိန်းကလေးအတော်များများကို မုဒိမ်းကျင့်ခဲ့ သူလို့သိရပြီး သူမုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးများဟာ AIDS အပါအဝင် လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ ရရှိမှာကို စိုးရိမ်နေကြတယ်လို့ နန်းစံအေးက ဆိုပါတယ်။

“ ဗိုက်ကြီးတာက ကလေးမွေးလိုက်လို့ရတယ်။ ဒါပေမဲ့ အဓိကကြောက်တာက သူ့မှာ ပိုးရှိမှာ ကြောက်လို့၊ ရောဂါဝင်သွား ရင် ဘာမှလုပ်လို့ မရတော့ဘူးလေ။ ဒီမိန်းကလေးဘဝက အရှုုံးဘဲ။ အဲဒါကို သနားတယ်။ မိန်းကလေးတွေ ဘဝမပျက်စီး စေချင်ဘူး။ အဲဒါကြောင့် ခံရသူတွေကို ကိုယ်ချင်းစာတယ်။ ဒီလူကို သမီးတို့နေရာမှာ သူ့ညီမသာ ဖြစ်တယ်ဆိုရင် သူဘယ် လို ခံစားရမလဲ။ ခံစားကြည့်စေချင်တယ်” ဆိုတဲ့ နန်းစံအေးရဲ့ စကားသံဟာ ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ် သမား အမျိုးသမီးများရဲ့ ဘဝကို တစိတ်တပိုင်းထင်ဟပ်လို့နေပါတော့တယ်။

လုဆိုင်း

(ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)