လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္မႈသတင္းေၾကာင့္ နယူးဇီလန္ အစိုးရအဖြဲ႔တြင္း ဂယက္႐ိုက္

0
45

လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္မႈ ရွိခဲ့တယ္ဆိုတဲ့ သတင္းေတြေၾကာင့္ နယူးဇီလန္ အစိုးရအဖြဲ႔အတြင္း ဂယက္႐ိုက္ေနၿပီး ထိပ္တန္း ေခါင္းေဆာင္တစ္ဦးကို ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။

နယူးဇီလန္ ဝန္ႀကီးခ်ဳပ္ ဂ်က္စီကာ အာဒန္းက ဒီေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ သူ႔ရဲ႕ ပါတီက ဒီလိင္ပိုင္းဆိုင္ရာ ထိပါးေႏွာက္ယွက္မႈ စြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ ကိုင္တြယ္ေနေၾကာင္း ေျပာပါတယ္။ အာဒန္း ၂၀၁၇ ခုႏွစ္မွာ တာဝန္ယူၿပီးေနာက္ပိုင္း အဆိုးဆံုး မေကာင္းသတင္း ျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးက နယူးဇီလန္ အစိုးရအဖြဲ႔အတြင္းက ဝန္ထမ္းတစ္ဦးဟာ မႏွစ္က ေဖေဖာ္ဝါရီလမွာ သူကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့ေၾကာင္း၊ ေလဘာ ပါတီ ဥကၠ႒ နီဂယ္ ေဟာဝါ့သ္ထံ အဲဒီႏွစ္ ေအာက္တိုဘာလမွာ တိုင္ၾကားခဲ့ေၾကာင္း၊ ပါတီတြင္း စံုစမ္းစစ္ေဆးၿပီးေနာက္ အဲဒီ က်ဴးလြန္သူကို အေရးမယူခဲ့ေၾကာင္း ေျပာၾကားခဲ့တာပါ။ ေဟာဝါ့သ္ကေတာ့ ဒီတိုင္ၾကားမႈ သူ႔ဆီ မေရာက္လာခဲ့ေၾကာင္း တံု႔ျပန္ထားပါတယ္။

New Zealand’s Prime Minister Jacinda Ardern attends an electricity projects signing ceremony during the Asia-Pacific Economic Cooperation (APEC) Summit in Port Moresby on November 18, 2018. (Photo by SAEED KHAN / AFP)

လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုသတင်းကြောင့် နယူးဇီလန် အစိုးရအဖွဲ့တွင်း ဂယက်ရိုက်

လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် နယူးဇီလန် အစိုးရအဖွဲ့အတွင်း ဂယက်ရိုက်နေပြီး ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်စီကာ အာဒန်းက ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ သူ့ရဲ့ ပါတီက ဒီလိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ ကိုင်တွယ်နေကြောင်း ပြောပါတယ်။ အာဒန်း ၂၀၁၇ ခုနှစ်မှာ တာဝန်ယူပြီးနောက်ပိုင်း အဆိုးဆုံး မကောင်းသတင်း ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက နယူးဇီလန် အစိုးရအဖွဲ့အတွင်းက ဝန်ထမ်းတစ်ဦးဟာ မနှစ်က ဖေဖော်ဝါရီလမှာ သူကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း၊ လေဘာ ပါတီ ဥက္ကဋ္ဌ နီဂယ် ဟောဝါ့သ်ထံ အဲဒီနှစ် အောက်တိုဘာလမှာ တိုင်ကြားခဲ့ကြောင်း၊ ပါတီတွင်း စုံစမ်းစစ်ဆေးပြီးနောက် အဲဒီ ကျူးလွန်သူကို အရေးမယူခဲ့ကြောင်း ပြောကြားခဲ့တာပါ။ ဟောဝါ့သ်ကတော့ ဒီတိုင်ကြားမှု သူ့ဆီ မရောက်လာခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။