လယ္ယာေျမလုပ္ပိုင္ခြင့္ ပံုစံ(၇)ရရွိေရး ၀ါးစိမ္းေတာင္ေဒသခံေတာင္သူေတြ ေတာင္းဆို

0
38

လယ္ယာေျမပုံစံ ၇ မရရွိေသးတဲ့အတြက္ ၀ါးစိမ္းေတာင္ ေဒသခံေတာင္သူေတြ စုိက္ပ်ဳိးစရိတ္ေခ်း ေငြမရရွိတာေၾကာင့္ အခက္အခဲေတြနဲ႔ႀကံဳေတြ႕ေနရပါတယ္။ဒီသတင္းကုိ မုံရြာ သတင္းေထာက္ တင္မာေဆြက ေပးပုိ႔ထားၿပီး တင္ေမာင္ေထြး က တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္ ၀ါးစိမ္းေတာင္ေဒသ ေတာင္ပုအုပ္စုက ေက်းရြာေတြမွာ လယ္ယာေျမ ပံုစံ ၇ မရရိွေသးတဲ့အတြက္ စိုက္ပ်ိဳးစရိတ္ေခ်းေငြအခက္ခဲနဲ႕ႀကံဳေတြ႕ေနရတာ ျဖစ္ပါတယ္ ။၀ါးစိမ္းေတာင္ႀကိဳး၀ိုင္းက လယ္ယာေျမေတြကို ႀကိဳး၀ိုင္းအတြင္း နဲ႕ ႀကိဳး၀ိုင္းအျပင္ရိွ လယ္ယာေျမဆုိၿပီး ခြဲျခားထားတာပါ။

ႀကိဳး၀ိုင္းအျပင္က လယ္ယာေျမေတြကုိ ပံုစံ ၇ ေလ်ွာက္ထားလို႕ရေပမယ့္ ႀကိဳး၀ိုင္းအတြင္းက လယ္ယာေျမေတြကုိ သစ္ေတာဦးစီးဌာနရဲ႕ စိမ္းစိုစီမံကိန္းအတြင္းပါ၀င္ေနတာေၾကာင့္ ပံုစံ ၇ ေလ်ွာက္ထား လို႕မရျဖစ္ေနတယ္လို႔ ၾသဂုတ္လ ၂၉ ရက္ေန႔ကမံုရြာၿမိဳ႕မွာျပဳလုပ္တဲ့ ၀ါးစိမ္းေတာင္ေဒသ ေျမယာက႑ရင္ဖြင့္သံေခါင္းစဥ္နဲ႔ ရွင္းလင္းပြဲမွာ ေဒသခံေတာင္သူေတြက ေျပာပါတယ္ ။

Sound Bite ကိုလွမင္းနိုင္ (သေျပေအးေက်းရြာ) ယင္းမာပင္ၿမိဳ႕နယ္

၀ါးစိမ္းေတာင္ ေတာင္ေျခက ေတာင္ပုအုပ္စုမွာ ေက်းရြာ ၄ ရြာရိွၿပီး တခ်ိဳ႕ေတာင္သူေတြမွာ ပံုစံ ၇ ရရိွၿပီးျဖစ္ေပမယ့္ ေတာင္သူဦးေရ ၁၆၀ ေက်ာ္ကေတာ့ အခုခ်ိန္ထိ ပံုစံ ၇ မရရိွၾကေသးတာ ျဖစ္ပါတယ္ ။အဲဒါေၾကာင့္ ပံုစံ ၇ ရရိွဖို႔ ၂၀၁၄ ခုႏွစ္ကတည္းက ေဒသခံေတြက ေတာင္းဆိုခဲ့ၾကတာျဖစ္ၿပီး အခု အစိုးရလက္ထက္မွာ နိုင္ငံေတာ္သမၼတ အပါအ၀င္သက္ဆုိင္ရာ ၀န္ႀကီးဌာနေတြကုိလည္း တင္ျပခဲ့ၿပီး ျဖစ္ပါတယ္ ။

အခုလုိ ပုံစံ၇ ျပဳလုပ္လုိ႔မရတာေၾကာင့္ ေတာင္သူေတြအေနနဲ႔ စုိက္ပ်ဳိးစရိတ္ အခက္အခဲေတြ နဲ႔ရင္ဆုိင္ေနရၿပီး သားစဥ္ေျမးဆက္လုပ္စားခြင့္ မရမွာကုိလည္း စုိးရိမ္ေနၾကတာ ျဖစ္ပါတယ္ ။ေတာင္ပုအုပ္စုရိွ ေက်းရြာထဲက ပံုစံ ၇ မရိွရိွေသးတဲ႕ ေက်းရြာေတြကေတာ့ အိုးဘို၊ သေျပေအးနဲ႕ သေရာ္က်င္းေက်းရြာကေတာင္သူေတြအမ်ားဆံုးျဖစ္ၿပီး စုိက္ပ်ဳိးတဲ့ လယ္ယာေျမေတြဟာလဲ သစ္ေတာဦးစီးဌာနရဲ႕ စိမ္းစိုစီမံကိန္း ဧရိယာ ဧက ၁၀၀၀ အတြင္းမွာ အမ်ားဆံုး ပါ၀င္ေန တာျဖစ္ပါတယ္။

SouS Sound Bite ဦးသိန္းေဇာ္ ( သေျပေအးေက်းရြာ)ယ ယင္းမာပင္ၿမိဳ႕နယ္

ေတာင္သူေတြစိုက္ပ်ိဳးေနတဲ႕လယ္ယာေျမေတြဟာ အရင္ ဘိုးစဥ္ေဘာင္ဆက္စိုက္ပ်ိဳးလုပ္ကိုင္ခဲ့ ၾကတဲ႕ ေျမယာေတြ ျဖစ္ၿပီး နိုင္ငံေတာ္အခြန္ေဆာင္ထားတဲ႕ ေျမခြန္ေျပစာေတြလဲ ရွိတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္ ။

ေတာင္သူေတြအေနနဲ႕ လက္ရိွမွာ စိုက္ပ်ိဳးခြင့္ရရိွေပမယ့္ လုပ္စားပိုင္ခြင့္ ခိုင္မာမႈရရိွေစဖို႕ ဧက ၁၆၀ ေက်ာ္ကို ပံုစံ ၇ ေလ်ွာက္ထားေပမယ့္ ႀကိဳး၀ိုင္းအျပင္က ဧက ၄၀၀ ေက်ာ္မွာ ေလ်ွာက္ထား ခြင့္ရိွေပမယ့္ ႀကိဳး၀ိုင္းအတြင္းက သစ္ေတာပိုင္နယ္ေျမျဖစ္တာေၾကာင့္ သစ္ေတာ ဦးစီးဌာနေပၚမွာ မူတည္တယ္လို႕ တိုင္းလယ္ယာေျမစီစစ္ေရးေကာ္မတီက ေတာင္သူေတြကို ရွင္းျပခဲ့တယ္လို႕ ေဒသခံေတြက ေျပာပါတယ္ရွင္။

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေး ဝါးစိမ်းတောင်ဒေသခံတောင်သူတွေ တောင်းဆို 

လယ်ယာမြေပုံစံ ၇ မရရှိသေးတဲ့အတွက် ဝါးစိမ်းတောင် ဒေသခံတောင်သူတွေ စိုက်ပျိုးစရိတ်ချေး ငွေမရရှိတာကြောင့် အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်။ဒီသတင်းကို မုံရွာ သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေး က တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တောင်ပုအုပ်စုက ကျေးရွာတွေမှာ လယ်ယာမြေ ပုံစံ ၇ မရရှိသေးတဲ့အတွက် စိုက်ပျိုးစရိတ်ချေးငွေအခက်ခဲနဲ့ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ဝါးစိမ်းတောင်ကြိုးဝိုင်းက လယ်ယာမြေတွေကို ကြိုးဝိုင်းအတွင်း နဲ့ ကြိုးဝိုင်းအပြင်ရှိ လယ်ယာမြေဆိုပြီး ခွဲခြားထားတာပါ။

ကြိုးဝိုင်းအပြင်က လယ်ယာမြေတွေကို ပုံစံ ၇ လျှောက်ထားလို့ရပေမယ့် ကြိုးဝိုင်းအတွင်းက လယ်ယာမြေတွေကို သစ်တောဦးစီးဌာနရဲ့ စိမ်းစိုစီမံကိန်းအတွင်းပါဝင်နေတာကြောင့် ပုံစံ ၇ လျှောက်ထား လို့မရဖြစ်နေတယ်လို့ သြဂုတ်လ ၂၉ ရက်နေ့ကမုံရွာမြို့မှာပြုလုပ်တဲ့ ဝါးစိမ်းတောင်ဒေသ မြေယာကဏ္ဍရင်ဖွင့်သံခေါင်းစဉ်နဲ့ ရှင်းလင်းပွဲမှာ ဒေသခံတောင်သူတွေက ပြောပါတယ် ။

Sound Bite ကိုလှမင်းနိုင် (သပြေအေးကျေးရွာ) ယင်းမာပင်မြို့နယ်

ဝါးစိမ်းတောင် တောင်ခြေက တောင်ပုအုပ်စုမှာ ကျေးရွာ ၄ ရွာရှိပြီး တချို့တောင်သူတွေမှာ ပုံစံ ၇ ရရှိပြီးဖြစ်ပေမယ့် တောင်သူဦးရေ ၁၆၀ ကျော်ကတော့ အခုချိန်ထိ ပုံစံ ၇ မရရှိကြသေးတာ ဖြစ်ပါတယ် ။အဲဒါကြောင့် ပုံစံ ၇ ရရှိဖို့ ၂၀၁၄ ခုနှစ်ကတည်းက ဒေသခံတွေက တောင်းဆိုခဲ့ကြတာဖြစ်ပြီး အခု အစိုးရလက်ထက်မှာ နိုင်ငံတော်သမ္မတ အပါအဝင်သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါတယ် ။

အခုလို ပုံစံ၇ ပြုလုပ်လို့မရတာကြောင့် တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ် အခက်အခဲတွေ နဲ့ရင်ဆိုင်နေရပြီး သားစဉ်မြေးဆက်လုပ်စားခွင့် မရမှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ် ။တောင်ပုအုပ်စုရှိ ကျေးရွာထဲက ပုံစံ ၇ မရှိရှိသေးတဲ့ ကျေးရွာတွေကတော့ အိုးဘို၊ သပြေအေးနဲ့ သရော်ကျင်းကျေးရွာကတောင်သူတွေအများဆုံးဖြစ်ပြီး စိုက်ပျိုးတဲ့ လယ်ယာမြေတွေဟာလဲ သစ်တောဦးစီးဌာနရဲ့ စိမ်းစိုစီမံကိန်း ဧရိယာ ဧက ၁၀ဝ၀ အတွင်းမှာ အများဆုံး ပါဝင်နေ တာဖြစ်ပါတယ်။

SouS Sound Bite ဦးသိန်းဇော် ( သပြေအေးကျေးရွာ)ယ ယင်းမာပင်မြို့နယ်

တောင်သူတွေစိုက်ပျိုးနေတဲ့လယ်ယာမြေတွေဟာ အရင် ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့ ကြတဲ့ မြေယာတွေ ဖြစ်ပြီး နိုင်ငံတော်အခွန်ဆောင်ထားတဲ့ မြေခွန်ပြေစာတွေလဲ ရှိတယ်လို့ တောင်သူတွေက ပြောပါတယ် ။

တောင်သူတွေအနေနဲ့ လက်ရှိမှာ စိုက်ပျိုးခွင့်ရရှိပေမယ့် လုပ်စားပိုင်ခွင့် ခိုင်မာမှုရရှိစေဖို့ ဧက ၁၆၀ ကျော်ကို ပုံစံ ၇ လျှောက်ထားပေမယ့် ကြိုးဝိုင်းအပြင်က ဧက ၄၀ဝ ကျော်မှာ လျှောက်ထား ခွင့်ရှိပေမယ့် ကြိုးဝိုင်းအတွင်းက သစ်တောပိုင်နယ်မြေဖြစ်တာကြောင့် သစ်တော ဦးစီးဌာနပေါ်မှာ မူတည်တယ်လို့ တိုင်းလယ်ယာမြေစီစစ်ရေးကော်မတီက တောင်သူတွေကို ရှင်းပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်ရှင်။