
0
214




လမ်းဖြတ်ကူးတဲ့ နွားကို တိမ်းရှောင်ရာက ယာဉ်မောင်းသူ အသက်ဆုံးရှုံး


ခရီးသည်တင် ယာဉ်တစ်စီးဟာ လမ်းဖြတ်ကူးတဲ့နွားကို ရှောင်တိမ်းလိုက်ရာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်မောင်းသူ သေဆုံးခဲ့ပါတယ်။


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီး ကားလမ်း၊ မိုင်တိုင်အမှတ် (၂၉၉/၂) အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မင်းလှဘက်ကနေ မန္တလေးဘက်ကို ယာဉ်မောင်း ကိုကိုလတ် (၄၂ နှစ်) မောင်းနှင်လာတဲ့ ဖူဆို အမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီးဟာ လမ်းဖြတ်ကူးတဲ့နွားကို တိမ်းရှောင်ရင်း လမ်းဘေးသစ်ပင်ကို တိုက်မိခဲ့တာပါ။


အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးခဲ့တဲ့ ယာဉ်မောင်းကိုကိုလတ်ကို မိချောင်းရဲ နယ်မြေရဲစခန်းက ယာဉ် (ပ) ၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။