
0
49




လပ္ပတ္တာမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုတွေဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ် (၅) ရပ်ကွက်၊ စိန်ရတုလမ်းမှာ ရှိတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင် သစ်ပင်တွေ လဲကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ မိုးသည်းထန်းစွာ ရွာသွန်းမှုနဲ့အတူ လေပြင်း တိုက်ခတ်မှုတွေကြောင့် သစ်ပင်တွေ လဲကျခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လပွတ္တာခရိုင် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေး လုပ်ငန်းတွေကို အချိန်နဲ့ တပြေးညီ ရှင်းလင်းခဲ့ပါတယ်။