
0
37




လင်ဒီလော့ဖ်ကို မန်ချက်စတာ ယူနိုက်တက် စာချုပ်သက်တမ်းတိုး

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ခံလူ လင်ဒီလော့ဖ်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဆွီဒင်နောက်ခံလူဟာ ၂၀၁၇ ခုနှစ်က ဘင်ဖီကာကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၇၄ ပွဲ ပါဝင်ကစားထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကို စပြောင်းရွှေ့ချိန်တည်းက အသင်းမှာ ကစားသမား အဖြစ်သာမက ပုဂ္ဂိုလ်ရေး ဆက်ဆံမှုပိုင်းမှာလည်း တိုးတက်ကောင်းမွန်စေခဲ့ကြောင်း လင်ဒီလောဖ့်က ပြောပါတယ်။

လင်ဒီလော့ဖ်ဟာ လက်ရှိရာသီမှာ မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲတိုင်း ပွဲထွက်ကစားခွင့် ရနေသူ ဖြစ်ပါတယ်။