
0
54




လက်ရှိရာသီမှာ တစ်ပွဲမှ မကစားရပေမယ့် အိုဇေးလ် အသင်းမှာသာ ဆက်ရှိမယ်


ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ် အသင်းမှာသာ ဆက်ရှိသွားမှာ ဖြစ်တယ်လို့ အေးဂျင့် ဖြစ်သူက ပြောပါတယ်။


လက်ရှိရာသီမှာ အာဆင်နယ်အတွက် ပရီးမီယားလိဂ်ပွဲစဉ်တွေ တစ်ပွဲမှ မကစားရသေးလို့ ဂျာမန် ကွင်းလယ်လူ အိုဇေးလ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ထင်မြင်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။ ဘောလုံး အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းမယ့် စက်တင်ဘာ ၂ ရက်မတိုင်ခင် အိုဇေးလ်ကို ဖီနာဘာချီ အသင်းအပါအဝင် ဥရောပ အသင်းတချို့က စိတ်ဝင်စားနေပါတယ်။

နည်းပြ အမ်မရီရဲ့ အာဆင်နယ် အသင်းမှာ ပါဝင်ကစားခွင့်ရဖို့ အိုဇေးလ်ဟာ အာရုံစိုက်ထားပြီး လေကျင့်မှုကို အပြင်းအထန် လုပ်နေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။