ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၂)

0
2551

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
1. ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို လာမယ့် (ဖေဖော်ဝါရီလ ၂၄ ရက်နေ့) မတိုင်ခင်အယူခံဝင်သွားမယ့်သတင်း 2. ထိုင်းနိုင်အတွင်း မွေးဖွားခဲ့ပြီး ပညာသင်ကြားနေတဲ့ မြန်မာကလေးတွေအတွက် ထိုင်းအစိုးရက အထောက်အထားလက်မှတ်တခု ထုတ်ပေးနိုင်ဖို့ အစည်းဝေးတခုကို မဲဆောက်မြို့ ကျင်းပခဲ့တဲ့သတင်း 3. စင်္ကာပူရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းပြည်သူ လူငယ်တွေ ထူထောင်ထားတဲ့ အဖြူရောင်ပရဟိတ မြန်မာလူငယ်များအသင်း ၂ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ဆွမ်းကပ်လှူမှုတွေ ပြုလုပ်ခဲ့အကြောင်း စတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေက အခြားရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းအစီအစဉ် တွေကို တင်ဆက် ပေးသွား မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)