ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို အယူခံဝင်

0
2625

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို လာမယ့် (ဖေဖော်ဝါရီလ ၂၄ ရက်နေ့) မတိုင်ခင်အယူခံဝင်သွားမယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံသား နှစ်ဦးအမှုကို ကူညီပေးဖို့အတွက် မြန်မာအစိုးရက စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တွေဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ အပြီး အဲ့ဒီလို ပြောကြားလိုက်တာပါ။ အယူခံမှာတော့ ဗြိတိန်နိုင်ငံသား ၂ ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတဲ့ မျိုးရိုးဗီဇ DNA နဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ DNA လွဲမှားနေတဲ့အပေါ် အခြေခံပြီး အယူခံဝင်မှာဖြစ်တယ်လို့ သံရုံးအထူးကိုယ်စားလှယ် အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)