ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၁)

0
2453

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ဒီသတင်းပတ်ရဲ့ ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်မှာတော့ 1. ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက ဗီဇာသက်တမ်း (၆) နှစ် ကုန်ဆုံးသွား သူတွေ အလုပ် ဆက်လုပ်ခွင့် ရရေး ထိုင်းအစိုးရအဖွဲ့ အဆုံးအဖြတ်ရယူသွားမယ်သတင်း 2. ရွှေ့ပြောင်း မြန်မာနိုင်ငံသား အလုပ်သမားတွေ အများအပြား ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ ကော့စမွေခရိုင် လိပ်ကျွန်းမှာ ထပ်မံ တွေ့ရှိခဲ့တဲ့ ဗြိတိန်ခရီးသည်သေဆုံးမှုဟာ လူသတ်မှုမဟုတ်ဘူးလို့ ထိုင်းရဲတွေကပြောကြားတဲ့သတင်း 3. ကရင်နှစ်သစ်ကူးပွဲတော်ကို ဇန်န၀ါရီလ (၁၀) ရက်နေ့က စင်္ကာပူရောက် ကရင်တိုင်းရင်းသားတွေနဲ့အတူ မြန်မာနိုင်ငံသားတွေ ဆင်နွှဲခဲ့ကြတဲ့ အကြောင်း စတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေက အခြားရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းအစီအစဉ် တွေကို တင်ဆက် ပေးသွား မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)