အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်းကျွန်းမှာ သောင်တင်နေတဲ့ မြန်မာရေလုပ်သား 23 ဦး မြန်မာနိုင်ငံကိုပြန်လွှတ်

0
2424

အင်ဒိုနီးရှားနိုင်ငံ အန်ဘွန်းကျွန်းမှာ သောင်တင်နေတဲ့ မြန်မာရေလုပ်သား 23 ဦးကို အင်ဒိုနီးရှားအစိုးရတွေက မြန်မာနိုင်ငံကိုပြန်လွတ် လိုက်ပြီဖြစ်ကြောင်း ဂျာဂါတာပို့ထ် သတင်းစာမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ 12 ရက်နေ့က ဖော်ပြထားပါတယ်။ နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ငါးဖမ်းကုမ္ပဏီကြား ပြဿနာတွေကို ဖြေရှင်းပြီးတဲ့နောက် မြန်မာနိုင်ငံသား 23 ဦးကို ပြန်လွတ်လိုက်ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား အင်းဝန်ကြီး က ပြီးခဲ့တဲ့ ဇန်န၀ါရီလ 11 ရက်နေ့က ပြောကြားခဲ့ချက်ကို ဂျာဂါတာပို့ထ်သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ 2015 ခုနှစ်အတွင်း အင်ဒိုနီရှားနိုင်ငံရောက် မြန်မာရေလုပ်သားတွေကို ပြန်လည်ခေါ်ယူခဲ့ရာ ရေလုပ်သား 1000 ကျော် ခေါ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)