လိတ်ကျွန်းလူသတ်မှုနဲ့ပတ်သတ်ပြီး နိုင်ငံတော်သမ္မတက အထူးကိုယ်စားလှယ်အဖွဲ့ စေလွှတ်

0
2450

ထိုင်းနိုင်ငံက ကမ္ဘာကျော် လိတ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ စေလွှတ်ထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ၀င်းဇော်ထွန်းကို သွားရောက်တွေ့ဆုံ အားပေးစကားပြောခဲ့ပါတယ်။ အထူး ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ဇန်န၀ါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံကို စတင်ရောက်ရှိခဲ့ကြတာပါ။ ဒီခရီးစဉ် အတွင်းမှာတော့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအပါဝင် အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အထူးကိုယ်စားလှယ်အဖွဲ့မှာတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေပညာရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှ မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ ရဲမှူးကြီး စိုးနိုင်ဦးနဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူ ဦးဖေခင်တို့ ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)