ရွှေ့ပြောင်းအလုပ်သမား အစီအစဉ် အမှတ်စဉ် (၄)

0
2126

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ်စီစဉ်တင်ဆက်ပေးသွားမယ့် ရွှေ့ပြောင်းအလုပ်သမား အစီအစဉ်ကနေကြိုဆိုပါတယ်။ ပထမဆုံးအနေနဲ့ ပြည်တွင်းပြည်ပက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 1. မလေးရှားဗီဇာကြေး တိုးမြှင့်ကောက်ခံမှုအပေါ် ညှိနှိုင်းဆောင်ရွက်နေမှုတွေ မပြေလည်သေးတာကြောင့် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ မလေးရှားကို သွားရောက် အလုပ် လုပ်ကိုင်လိုကြသူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေသတင်း 2. ထိုင်းဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ သက်တမ်းတိုးရာမှာ အရင်ကုန်ကျစရိတ်ထက် နှစ်ဆလောက် တိုးမြင့်ကုန်ကျတော့မယ့် အခြေအနေတွေနဲ့ တွေ့ကြုံရင်ဆိုင်နေရတဲ့အကြောင်း 3. ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး သေဒဏ်ချတ်မှတ်ခံထားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို ဘန်ကောက်မြို့၊ နွန်ထပူရီအရပ်ရှိ ဘန်ခဝန် ( Bang Kwang) အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့သတင်း စတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့အတူ၊ အာဆီယံဒေသတွင်း နိုင်ငံတွေက အခြားရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းတွေနဲ့ ရုပ်သံမှတ်တမ်းအစီအစဉ် တွေကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)