
0
130




ရှမ်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ ဆောင်ရွက်မယ်


ရှမ်းပြည်နယ် ၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေး စီမံချက်တွေ ဆောင်ရွက်နိုင်ဖို့ ဂျပန်အစိုးရနဲ့ ကုလသမဂ္ဂဌာနရှစ်ခု သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြောင်း ယူနီဆက်ဖ်(မြန်မာ) ကသတင်းထုတ်ပြန်ထားပါတယ်။


ဂျပန်အစိုးရက မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးစီမံချက်လုပ်ငန်းတွေကို ထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး အဲဒီစီမံချက်ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ၃၇သန်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင်ရန်ပုံငွေကို ပြည်နယ်သုံးခုရှိ အသက်ကယ်ခြင်းဆိုင်ရာ အကူအညီတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပံ့ပိုးပေးသွားမှာလည်းဖြစ်ပါတယ်။ ယူနီဆက်ဖ်(မြန်မာ) က မြန်မာနိုင်ငံမှာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖြစ်တဲ့ ကျန်းမာရေး ၊ ပညာရေး၊ အာဟာရ စတဲ့ ကဏ္ဍတွေအတွက် ငါးနှစ်တာစီမံကိန်းအသစ် ကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။