ရွမ္းျပည္နယ္ ေျမာက္ပိုင္း တုိက္ပြဲေတြေၾကာင့္ စာသင္ေက်ာင္း ၃၀၀ ေက်ာ္ ပိတ္ထားရ

0
51

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသမွာ  ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ စာသင္ေက်ာင္းေပါင္း ၃၀၀ ေက်ာ္ကုိ ယာယီ ပိတ္ထားရေၾကာင္း အေျခခံပညာ ဦးစီးဌာန  ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကုိေလး၀င္းက ေျပာၾကားခဲ့ပါတယ္။

ၾသဂုတ္လ ၂၉ ရက္ေန႔က ေနျပည္ေတာ္ရွိ အေျခခံပညာဦးစီးဌာနမွာ က်င္းပတဲ့ အေျခခံပညာ အထက္တန္း ၿပီးေျမာက္ေၾကာင္း လက္မွတ္ေပးအပ္ေရးနဲ႔ ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ကုိ အခုလို ျပန္လည္ေျဖၾကားခဲ့တာပါ။

လက္ရွိမွာ အထက္တန္းအဆင့္ ေက်ာင္း ၂၉ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၆၅ ေက်ာင္းနဲ႔ မူလတန္းဆင့္ ေက်ာင္း ၂၅၆ ေက်ာင္း ပိတ္ထားရတာ ျဖစ္ပါတယ္။ ေက်ာင္း ၅၅ ေက်ာင္းကုိ ျပန္လည္ဖြင့္ လွစ္ေပးထားၿပီး တျခားက်န္ရွိေနတဲ့ ေက်ာင္းေတြကုိေတာ့ လုံၿခံဳေရး ေကာင္းမြန္တဲ့ အခ်ိန္မွသာ ျပန္လည္ ဖြင့္လွစ္သြားမယ္လို႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကုိေလး၀င္းက ေျပာပါတယ္။

ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ၃၀ဝ ကျော် ပိတ်ထားရ


ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စာသင်ကျောင်းပေါင်း ၃၀ဝ ကျော်ကို ယာယီ ပိတ်ထားရကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားခဲ့ပါတယ်။


သြဂုတ်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာနမှာ ကျင်းပတဲ့ အခြေခံပညာ အထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။


လက်ရှိမှာ အထက်တန်းအဆင့် ကျောင်း ၂၉ ကျောင်း၊ အလယ်တန်းကျောင်း ၆၅ ကျောင်းနဲ့ မူလတန်းဆင့် ကျောင်း ၂၅၆ ကျောင်း ပိတ်ထားရတာ ဖြစ်ပါတယ်။ ကျောင်း ၅၅ ကျောင်းကို ပြန်လည်ဖွင့် လှစ်ပေးထားပြီး တခြားကျန်ရှိနေတဲ့ ကျောင်းတွေကိုတော့ လုံခြုံရေး ကောင်းမွန်တဲ့ အချိန်မှသာ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။