ရွမ္းေျမာက္ တုိက္ပြဲေတြေၾကာင့္ ျပည္သူရဲ႕ ေဘးကင္းလုံၿခံဳမႈကုိ စိုးရိမ္ပူပန္ေနရ

0
53

ေျမာက္ပုိင္း မဟာမိတ္ လက္နက္ကုိင္သုံးဖြဲ႔က အရပ္သားေတြကုိ ပစ္မွတ္ထား တုိက္ခုိက္ျခင္းနဲ႔ သူတုိ႔ရဲ႕ ပစၥည္းဥစၥာေတြကုိ ဖ်က္ဆီးျခင္းဟာ ျပည္သူလူထုရဲ႕ ေဘးကင္းလုံၿခံဳမႈကုိ ဆုိးရြားစြာ ထိခုိက္ေစတာေၾကာင့္ အလြန္အမင္း စုိးရိမ္ပူပန္စရာ အခ်ိန္ျဖစ္ေၾကာင္း အရပ္ဘက္အဖြဲ႔အစည္း ၄၀ ေက်ာ္ သေဘာထား ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လလယ္မွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ညီေနာင္ မဟာမိတ္သုံးဖြဲ႔အၾကား တုိက္ပြဲေတြေၾကာင့္ ျပည္သူလူထုအေပၚ ထိခုိက္မႈေတြကုိ မ်ားစြာ စုိးရမ္ပူပန္လ်က္ရွိေၾကာင္းနဲ႔ ဆက္လက္ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြေၾကာင့္ ျပည္သူလူထုရဲ႕ လုံၿခံဳမႈအေပၚ ၿခိမ္းေျခာက္မႈေတြ ျဖစ္ေပၚေနေၾကာင္း အရပ္ဘက္ အဖြဲ႔အစည္းေတြက သေဘာထား ထုတ္ျပန္ထားပါတယ္။

လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈ၊ ေျမျမွဳပ္မုိင္းေတြ ေပါက္ကြဲမႈနဲ႔ ေျမျပင္တုိက္ပြဲေတြေၾကာင့္ အမ်ဳိးသမီးနဲ႔ ကေလးသူငယ္ေတြ အပါအဝင္ ျပည္သူအမ်ားအျပား အသက္ဆုံးရႈံးျခင္း၊ ျပင္းထန္စြာ ဒဏ္ရာရျခင္း ေတြသာမက အရပ္သားျပည္သူေတြရဲ႕ ပစၥည္း အုိးအိမ္နဲ႔ လမ္းတံတားတို႔လို အေျခခံ အေဆာက္အအုံေတြ ထိခိုက္ပ်က္စီးမႈ ျဖစ္ေပၚေနေၾကာင္း ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ရွမ္းျပည္နယ္ ေျမာက္ပုိင္းမွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ပူးေပါင္းလုပ္ငန္းစဥ္အဖြဲ႔၊ ရွမ္းျပည္နယ္ (ေျမာက္ပုိင္း) လူသားခ်င္း စာနာေထာက္ထားမႈ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔၊ အရပ္ဘက္ အဖြဲ႔အစည္းေတြရဲ႕ ၿငိမ္းခ်မ္းေရးဖုိရမ္ အပါအဝင္ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အတြင္းရွိ အရပ္ဘက္အဖြဲ႕ အစည္းေပါင္း ၄၀ ေက်ာ္က စက္တင္ဘာလ ၃ ရက္ေန႔မွာ အေရးေပၚ ထုတ္ျပန္ခဲ့တာပါ။

ရှမ်းမြောက် တိုက်ပွဲတွေကြောင့် ပြည်သူရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေရ


မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်သုံးဖွဲ့က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနဲ့ သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးခြင်းဟာ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံမှုကို ဆိုးရွားစွာ ထိခိုက်စေတာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်စရာ အချိန်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော် သဘောထား ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်၊ သြဂုတ်လလယ်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲတွေကြောင့် ပြည်သူလူထုအပေါ် ထိခိုက်မှုတွေကို များစွာ စိုးရမ်ပူပန်လျက်ရှိကြောင်းနဲ့ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုရဲ့ လုံခြုံမှုအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်ပေါ်နေကြောင်း အရပ်ဘက် အဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်ထားပါတယ်။


လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲမှုနဲ့ မြေပြင်တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူအများအပြား အသက်ဆုံးရှုံးခြင်း၊ ပြင်းထန်စွာ ဒဏ်ရာရခြင်း တွေသာမက အရပ်သားပြည်သူတွေရဲ့ ပစ္စည်း အိုးအိမ်နဲ့ လမ်းတံတားတို့လို အခြေခံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးဖိုရမ် အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့ အစည်းပေါင်း ၄၀ ကျော်က စက်တင်ဘာလ ၃ ရက်နေ့မှာ အရေးပေါ် ထုတ်ပြန်ခဲ့တာပါ။