ရွမ္းေျမာက္ေဒသေတြမွာ ျဖစ္ပြားေနတဲ့ျဖစ္စဥ္ တပ္ခ်ဳပ္နဲ႔ တ႐ုတ္သံအမတ္ ေဆြးေႏြး

0
65

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ ျပည္သူ႔သမၼတႏုိင္ငံ သံအမတ္ႀကီး မစၥတာ ခ်န္းဟိုင္တို႔ ၾသဂုတ္လ ၂၂ ရက္ေန႔က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာမွာ ေတြ႔ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းတို႔မွာ အၾကမ္းဖက္ တိုက္ခိုက္မႈျဖစ္စဥ္ေတြ ျဖစ္ပြားခဲ့တဲ့ အေျခအေနေတြ၊ အဲဒီ အၾကမ္းဖက္တုိက္ခိုက္မႈ ျဖစ္စဥ္ေတြကုိ တ႐ုတ္ႏိုင္ငံက ျပတ္ျပတ္သားသား ကန္႔ကြက္ ႐ႈတ္ခ်ေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္ အေျခအေနေတြ၊ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြမွာ  တ႐ုတ္ႏိုင္ငံက ကူညီေဆာင္ရြက္ေပးေနတဲ့ အေျခအေနေတြ၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြ တုိးတက္မႈရရွိေစဖို႔ လုပ္ေဆာင္ႏိုင္မယ့္ အေျခအေနေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အေၾကာင္းျပၿပီး ႏိုင္ငံတကာက  ျမန္မာႏိုင္ငံအေပၚ ဖိအားေပး ေဆာင္ရြက္ေနမႈေတြကုိ တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ျမန္မာႏိုင္ငံဘက္က ရပ္တည္ ေဆာင္ရြက္ေပးေနတဲ့ အေျခအေနေတြေၾကာင္းေတြကိုလည္း ေဆြးေႏြးခဲ့တာပါ။

ရှမ်းမြောက်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ဖြစ်စဉ် တပ်ချုပ်နဲ့ တရုတ်သံအမတ် ဆွေးနွေး


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။


ပြင်ဦးလွင်မြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေ၊ အဲဒီ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက် ရှုတ်ချကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တိုးတက်မှုရရှိစေဖို့ လုပ်ဆောင်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။


ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းပြပြီး နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေး ဆောင်ရွက်နေမှုတွေကို တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံဘက်က ရပ်တည် ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကြောင်းတွေကိုလည်း ဆွေးနွေးခဲ့တာပါ။