ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး အႀကံျပဳစာတမ္း လူ႔အခြင့္အေရး ေကာ္မရွင္ ေရးဆြဲေန

0
104

ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ပတ္သက္ၿပီး အႀကံျပဳစာတမ္း တစ္ေစာင္ကုိ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္က ေရးသားျပဳစုေနပါတယ္။

စာတမ္းမွာ ရဲတပ္ဖြဲ႔ သမုိင္းေၾကာင္းနဲ႔ စတင္ၿပီး ရဲတပ္ဖြဲ႔ လက္ရွိ ရင္ဆုိင္ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ ျပည္သူလူထုရဲ႕ လူ႔အခြင့္အေရး ဆုံးရႈံးနစ္နာမႈေတြ၊ အခ်က္အလက္ေတြအေပၚ ဘယ္လို ေဆာင္ရြက္သင့္တယ္ ဆိုတာေတြကို ထည့္သြင္း ေရးသားထားတယ္လို႔ ျဖစ္တယ္လို႔ ျမန္မာႏုိင္ငံ အမ်ဳိးသားလူ႔အခြင့္အေရး ေကာ္မရွင္အဖြဲ႔ဝင္ ဦးယုလြင္ေအာင္က ေျပာတယ္လို႔ Eleven သတင္းဌာနမွာ ေဖာ္ျပထားပါတယ္ ။

လက္ရွိမွာ အႀကံျပဳစာတမ္းေရးဆြဲမႈ အႀကမ္းထည္ ၿပီးေျမာက္ေနၿပီ ျဖစ္ေၾကာင္း ဦးယုလြင္ေအာင္က ေျပာပါတယ္။ အဲဒီ အႀကံျပဳစာတမ္း ေရးသားၿပီးစီးပါက သမၼတ႐ံုးနဲ႔ ျပည္ထဲေရး ဝန္ႀကီးဌာနကုိ ေပးပို႔ႏုိင္ဖို႔ ေကာ္မရွင္ အစည္းအေဝး လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္းကုိလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကြံပြုစာတမ်း လူ့အခွင့်အရေး ကော်မရှင် ရေးဆွဲနေ


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတမ်း တစ်စောင်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ရေးသားပြုစုနေပါတယ်။


စာတမ်းမှာ ရဲတပ်ဖွဲ့ သမိုင်းကြောင်းနဲ့ စတင်ပြီး ရဲတပ်ဖွဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေ၊ အချက်အလက်တွေအပေါ် ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာတွေကို ထည့်သွင်း ရေးသားထားတယ်လို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောတယ်လို့ Eleven သတင်းဌာနမှာ ဖော်ပြထားပါတယ်။


လက်ရှိမှာ အကြံပြုစာတမ်းရေးဆွဲမှု အကြမ်းထည် ပြီးမြောက်နေပြီ ဖြစ်ကြောင်း ဦးယုလွင်အောင်က ပြောပါတယ်။ အဲဒီ အကြံပြုစာတမ်း ရေးသားပြီးစီးပါက သမ္မတရုံးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို ပေးပို့နိုင်ဖို့ ကော်မရှင် အစည်းအဝေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။