ရုရွား သမၼတ ပူတင္ ကားကိုဗံုးခြဲတုိက္ခိုက္မယ္လုိ႔ ၿခိမ္းေျခာက္

0
332

ရုရွား သမၼတ ပူတင္  စိန္႔ပီတာဘရက္စ္ကိုေရာက္ရွိလာခ်ိန္မွာ သူ စီးလာတဲ့ကားကို ဗံုးခြဲတုိက္ခိုက္မႈေတြလုပ္မယ္လို႔ ၿခိမ္းေျခာက္မႈေတြျဖစ္ခဲ့ပါတယ္။

ရုရွား အစိုးရအဖြဲ႔တာဝန္ရွိသူတစ္ဦးက  အစိုးရ ဟာ  ဗံုးခြဲတုိက္ခိုက္မယ့္အေၾကာင္း ကို ဖုန္းေခၚေျပာဆုိမႈအၾကိမ္ ၆၀  လက္ခံရရွိခဲ့တယ္လို႔ေျပာပါတယ္။

အဲဒီ ဖုန္းေခၚမႈအတြင္း ရုရွား သမၼတ ပူတင္စိန္႔ပီတာပရက္မွာရွိေနမယ့္ ေနရာ ေတြ အျပင္ သူရဲ႕ကားျဖတ္သန္းသြားလာမယ့္ေနရာေတြကို ဗံုးခြဲတုိက္ခိုက္ဖို႔ ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။ ရုရွား သမၼ တ ပူတင္ဟာ ႏိုဝင္ဘာ ၁၇  ရက္ေန႔က စိန္႔ပီတာပရက္ၿမိဳ႕ကိုေရာက္ရွိခဲ့ၿပီး  ယာဥ္ေက်းမႈ ဖိုရမ္တက္ေရာက္ခဲ့ကာ သမၼတ လံုျခံဳေရးအဖြဲ႔ေတြက ၿခိမ္းေျခာက္မႈအေပၚ ကိုင္တြယ္ ေျဖရွင္းခဲ့တယ္လို႔ အစိုးရအဖြဲ႔တာဝန္ရွိသူေတြကေျပာပါတယ္။

ၿခိမ္းေျခာက္မႈေတြရွိခဲ့ေပမယ့္ သမၼတ ရဲ႕ခရီးစဥ္ကိုထိခုိက္တာမ်ိဳးမရွိခဲ့ပါဘူး၊ ရုရွားေထာက္လွမ္းေရးအဖြဲ႔က ဖုန္းေခၚဆိုမႈေတြ ဟာ ျပည္တြင္းမွ မဟုတ္ဘဲ ျပည္ပ ကေန ေခၚဆုိခဲ့တာျဖစ္ၿပီး  ၿခိမ္းေျခာက္သူေတြကို မၾကာမီ ဖမ္းဆီးႏုိင္မယ္လုိ႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား သမ္မတ ပူတင် ကားကိုဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်

ရုရှား သမ္မတ ပူတင် စိန့်ပီတာဘရက်စ်ကိုရောက်ရှိလာချိန်မှာ သူ စီးလာတဲ့ကားကို ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက်မှုတွေဖြစ်ခဲ့ပါတယ်။

ရုရှား အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက အစိုးရ ဟာ ဗုံးခွဲတိုက်ခိုက်မယ့်အကြောင်း ကို ဖုန်းခေါ်ပြောဆိုမှုအကြိမ် ၆၀ လက်ခံရရှိခဲ့တယ်လို့ပြောပါတယ်။

အဲဒီ ဖုန်းခေါ်မှုအတွင်း ရုရှား သမ္မတ ပူတင်စိန့်ပီတာပရက်မှာရှိနေမယ့် နေရာ တွေ အပြင် သူရဲ့ကားဖြတ်သန်းသွားလာမယ့်နေရာတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

ရုရှား သမ္မ တ ပူတင်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့က စိန့်ပီတာပရက်မြို့ကိုရောက်ရှိခဲ့ပြီး ယာဉ်ကျေးမှု ဖိုရမ်တက်ရောက်ခဲ့ကာ သမ္မတ လုံခြုံရေးအဖွဲ့တွေက ခြိမ်းခြောက်မှုအပေါ် ကိုင်တွယ် ဖြေရှင်းခဲ့တယ်လို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် သမ္မတ ရဲ့ခရီးစဉ်ကိုထိခိုက်တာမျိုးမရှိခဲ့ပါဘူး၊ ရုရှားထောက်လှမ်းရေးအဖွဲ့က ဖုန်းခေါ်ဆိုမှုတွေ ဟာ ပြည်တွင်းမှ မဟုတ်ဘဲ ပြည်ပ ကနေ ခေါ်ဆိုခဲ့တာဖြစ်ပြီး ခြိမ်းခြောက်သူတွေကို မကြာမီ ဖမ်းဆီးနိုင်မယ်လို့ ပြောခဲ့ပါတယ်။